‘’ကိုယ်တန်ဖိုးထားတဲ့ လူတယောက်… ဒီလိုလေး သက်သောင့်သက်သာ ပြန်ဖြစ်လာတဲ့ အပေါ်မှာ အင်မတန် ကျေနပ်တယ်… ဝမ်းသာတယ်… အသက်ရှည်ပါစေ… တိုင်းပြည်အတွက်လည်း ဆက်လုပ်နိုင်ပါစေ…’’
ဦးကြီးမြင့် (တရားလွှတ်တော်ရှေ့နေ)
၂၀၂၁ စစ်တပ် အာဏာသိမ်းပြီး ကတည်းက ၅ နှစ်ကျော် အကျဥ်းချ ထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတသစ် က သတ်မှတ် နေအိမ်မှာ ပြောင်းထားပေးလိုက်ပါတယ်။
ဧပြီ ၃၀ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အတွက် အခုလို သက်သာခွင့် ပေးတာဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ထောင်ဒဏ် ၁၉ နှစ် နီးပါးကို အဲဒီအိမ်မှာ ဆက်လက်ကျခံရမယ့် သဘောဖြစ်ပါတယ်။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် သဘော ထားရှိပေးတဲ့ဟာ
ထုတ်ပြန်ချက်မှာ ပါသလို မေတ္တာ စေတနာထားရှိလို့လား…
ပြုပြင်ပြောင်းလဲရေး အတွက် အကောင်းဘက် ဖြစ်လာဖို့လား…
နိုင်ငံတကာ ဖိအားတွေ လျော့ကျစေဖို့လား
သမ္မတသစ်ရဲ့ နောက်ကွယ်က ရည်ရွယ်ချက်က ဘာဖြစ်မလဲ…
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့် ရဲ့ အမြင်သဘောထားကို မေးမြန်း တင်ဆက်ထားပါတယ်။
THN Public Media
