နိုင်ငံရေး

နေအိမ်အကျယ်ချုပ်ပြောင်းရွှေ့လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

မေလ ၂ – ၂၀၂၆

စစ်တပ် အာဏာသိမ်းပြီး ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ၅ နှစ်အကြာမှာ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ ပေးမယ်လို့ ထုတ်ပြန်လိုက်ပြီးနောက် အမေရိကန် ပြည်ထောင်စုက သူမကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက် ပါတယ်။

‘’ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ ဆက်လက်တောင်းဆိုနေပါတယ်’’ လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့တာကို အိုင်ယာလန်နိုင်ငံ RTE သတင်းမှာ ဖေါ်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ‘’သူမရဲ့ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်တဲ့ ဆေးကုသမှု တွေ ရရှိနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း စစ်ကောင်စီကို တိုက်တွန်းထားပါတယ်’’ လို့ ပြောခွင့်ရသူက ပြောပါတယ်။

ကြာသပတေးနေ့က ဒေါ်အောင်ဆန်းစုကြည်ကို သက်သာခွင့်ပေးတဲ့ အနေနဲ့ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ ထားရှိကြောင်း အာဏာပိုင် တွေက ဓါတ်ပုံ တပုံနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

crd – RTE

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *