အောက်တိုဘာ ၁ – ၂၀၂၅
ကိုယ်စားလှယ်လောင်း တင်သွင်းရက် နောက်ဆုံးနေ့ ဖြစ်တဲ့ စက်တင်ဘာ ၂၂ ရက် နောက်မှာ စာရင်းရောက်ရှိလာတဲ့ ကိုယ်စားလှယ်လောင်း ၅၃ ဦး ကို ထပ်တိုး စာရင်းသွင်း ပေးကြောင်း စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန် ထားပါတယ်။
ဒါ့အပြင် ကိုယ်စားလှယ်လောင်း ၁ ဦးကို ပြန်ရုပ်သိမ်းကြောင်း စာရင်း လည်း ရောက်ရှိလာတဲ့ အတွက် ရုပ်သိမ်းပေးခဲ့ပြီး စာရင်းကနေ ထုတ်ပယ် ခဲ့တယ်လို့ ဆိုပါတယ်။
အကြောင်းကတော့ အင်တာနက်လိုင်း ချို့ယွင်းမှုများကြောင့် အခုလို ၂၂ ရက်နောက်ပိုင်းမှ ဝင်လာတဲ့ စာရင်းတွေကို ထည့်သွင်း ပြင်ဆင် ပေးခဲ့ တာလို့ ဆိုပါတယ်။
ဒီအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ( ၄၉၆၃ ) ဦး အစား အခုဆိုရင် ၅၀၁၅ ဦး စာရင်းသွင်းထားပြီလို့ ပြောပါတယ်။
အခုအချိန်မှာ စာရင်းသွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို စိစစ်ဆောင်ရွက် နေကြောင်း ထုတ်ပြန်ထားပါတယ်။