War ပြည်တွင်း

ဖားဆောင်းမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်

ဖေဖော်ဝါရီ ၁၆ – ၂၀၂၆

ကရင်နီ ဖားဆောင်းမြို့ကို စစ်တပ်ကနေ မနေ့ က ပြန်လည် ထိန်းချုပ်နိုင်ပြီ လို့ ထုတ်ပြန် ကြေညာထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဖားဆောင်းမြို့ထဲက တပ်စခန်းနဲ့ မြို့ရဲ့ ဧရိယာ တချို့ကိုသာ ထိန်းချုပ် ထားနိုင်တာ ဖြစ်တယ်လို့ သိရပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

“တမြို့လုံးကို အပြည့်အဝ ပြန်ထိန်းနိုင်တာတော့ မဟုတ်သေးပါဘူး။ သံလွင်မြစ်ကူး တံတားကိုလည်း ပြန်မရသေးပါဘူး။ တံတားကိုရဖို့ ဒရုန်းတွေလွှတ်ပြီး တိုက်နေတုန်းပါပဲ။ မြေပြင် နှစ်ဖက် ထိတွေ့မှုက ပြင်းထန်နေတုန်းပါ။ လေကြောင်းကလည်း မြို့ထဲကို ဆက်တိုက် ပစ်နေတာရှိတယ်။ နှစ်ဖက်စလုံးလည်း အထိအခိုက်များတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာ သံလွင်တံတား (ဖားဆောင်း) ကို KNDF KNPP ပူးပေါင်း တပ်တွေက ထိန်းချုပ်ထားတာဖြစ်ပြီး တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့၊ မပိုင်းက စလို့ တံတားပေါ် ကနေ ဖြတ်သန်း သွားလာခွင့် ပိတ်ထားတယ်လို့ သိရပါတယ်။

ref: VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *