War နိုင်ငံတကာ နိုင်ငံရေး

ဖြစ်နိုင်ခြေ မြေပြင်တိုက်ပွဲ အတွက် အီရန်ဘက်က တိုက်ခိုက်ရေးသမား ၁ သန်း ပြင်ဆင်ထား

မတ်လ ၂၈ – ၂၀၂၆

အီရန်နိုင်ငံကို အမေရိကန်က ခြေလျင်စစ်ပွဲ ဆင်နွှဲလာမယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာပဲ လို့ အီရန်ဘက်က တုံ့ပြန်လိုက်ပြီး အဲဒီစစ်ပွဲကို ရင်ဆိုင်ဖို့ အတွက် တိုက်ခိုက်ရေးသမား တသန်းကို စုစည်း ပြင်ဆင်ထားကြောင်း ကြေညာလိုက်ပါတယ်။

တီဟီရန် အစိုးရဟာ အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှု ၉၀ ရာခိုင်နှုန်း နီးပါး ထွက်တဲ့ ဗျူဟာမြောက် Kharg ကျွန်းကို ကာကွယ်ဖို့ အတွက် အထူး အလေးပေး လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

အမေရိကန် ကနေ အီရန်ရဲ့ တောင်ဘက် စစ်မျက်နှာ ကနေ မြေပြင် တိုက်ပွဲ ဆင်နွှဲမှုတွေ လုပ်လာ နိုင်တယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ် နေချိန်မှာပဲ အီရန်ကြည်းတပ် အတွင်း တိုက်ပွဲဝင်လိုစိတ်တွေ အလွန် အမင်း မြင့်တက် နေတယ်လို့ အီရန် သတင်း အေဂျင်စီ Tasnim က ဖော်ပြ ပါတယ်။

အီရန်စစ်ဘက် သတင်းရင်းမြစ်ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ တပ်ဖွဲ့ဝင် တွေဟာ အီရန်မြေပေါ်ကို ခြေချလာမယ့် အမေရိကန်တပ်ဖွဲ့တွေ အတွက် သမိုင်းဝင် ငရဲခန်း တခု ဖန်တီးပေးဖို့ အသင့်ပြင်ထားကြတယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲ အတွက် လက်နက်အပြည့်အစုံနဲ့ ပြင်ဆင်ထားတဲ့ အင်အား တသန်း အပြင် လွန်ခဲ့တဲ့ ရက်ပိုင်း အတွင်းမှာပဲ အီရန် လူငယ်တွေဆီက စစ်မှုထမ်းဖို့ လျှောက်ထားမှုတွေ အလုံးအရင်းနဲ့ တိုးပွားလာတယ်လို့ အရာရှိ တဦးက ပြောပါတယ်။

ဒါ့အပြင် ဟော်မုဇ်ရေ လက်ကြားကို အင်အားသုံးပြီး ပြန်ဖွင့်ဖို့ အမေရိကန်က ကြိုးပမ်း လာမယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း နဲ့ အသက်စတေးခြင်း သာ ဖြစ်လိမ့်မယ်လို့ စစ်ဘက် သတင်းရင်းမြစ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အီရန်နိုင်ငံ အနေနဲ့ အခြေအနေတွေ ပိုမို တင်းမာလာမယ့် ကိစ္စရပ်တွေ အတွက် အပြည့်အဝ အသင့်ပြင်ထားသလို ဗျူဟာမြောက် ဟော်မုဇ် ရေကြောင်းလမ်း ကိုလည်း ဆက်လက် ပိတ်ထားဖို့ ခိုင်ခိုင်မာမာ ဆုံးဖြတ် ထားတယ်လို့ သိရပါတယ်။

Crd – Middle East Monitor

—————————

Leave a Reply

Your email address will not be published. Required fields are marked *