နိုင်ငံတကာ

ဗင်နီဇွဲလား သမ္မတ မာဒူရို ဖမ်းဆီးခံရမှုအပေါ် လက်တင် အမေရိက ခေါင်းဆောင်တွေ သဘောထားကွဲ

ဇန်နဝါရီ ၃ – ၂၀၂၆

#ဘရာဇီး – သမ္မတ လူလာ က အမေရိကန်ရဲ့ လုပ်ရပ်တွေဟာ “လက်မခံနိုင်စရာ စည်းကို ကျော်လွန်နေတယ်” လို့ ပြောကြားခဲ့ပြီး “ဗင်နီဇွဲလားရဲ့ အချုပ်အခြာ အာဏာကို အပြင်းထန်ဆုံး စော်ကားမှု” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူက နိုင်ငံတကာ အသိုင်းအဝိုင်းကို “ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့” တောင်းဆိုခဲ့ပါတယ်။

#အာဂျင်တီးနား – ထရမ့်ရဲ့ မဟာမိတ် သမ္မတ Javier Milei က “မူးယစ်အကြမ်းဖက်အာဏာရှင် မာဒူရို ကျဆုံးခြင်းကို ကျွန်ုပ်တို့ ဂုဏ်ပြုပါသည်” လို့ ပြောကြားခဲ့ပါတယ်။ အသွင်ကူးပြောင်း အစိုးရသစ် အတွက် အာဂျင်တီးနားကို အကူအညီ ကမ်းလှမ်းရင်း တဝက်တပျက် ကူညီတာမျိုး ကြားနေတာမျိုး ရှိမှာ မဟုတ်ကြောင်း သူက ပြောပါတယ်။

#ဥရုဂွေး – တရားဝင်ကြေညာချက် တစောင်ကို မျှဝေရင်း သမ္မတ ယာမန်ဒူ အော်စီ က ဖြစ်ပေါ်တိုးတက်မှုတွေကို “အာရုံစိုက်ပြီး အလေးအနက်ထား စိုးရိမ် ပူပန်မှုဖြင့်” စောင့်ကြည့်နေပြီး “စစ်ရေးဝင်ရောက် စွက်ဖက်မှုကို အမြဲ ငြင်းပယ်တယ်” လို့ ပြောကြားခဲ့ပါတယ်။

photo: reuters

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *