ပြည်တွင်း

ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကို ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) ရာထူးနဲ့ ပထမဆုံး ဖေါ်ပြ

မတ်လ ၁၀ – ၂၀၂၆

မတ်လ ၈ ရက်နေ့က သံလျင် ရေတပ် သင်္ဘောကျင်း ဌာနချုပ် မှာ ကျင်းပတဲ့ တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲ နဲ့ စစ်ရေယာဥ်တွေ တပ်တော်ဝင်ခြင်း အခမ်းအနား တက်ရောက် သူတွေထဲမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦး ကို ကာကွယ်ရေး ဦးစီးချုပ် ( ကြည်း ) ရာထူးနဲ့ ပထမဆုံး တရားဝင် ဖေါ်ပြလိုက်ပါတယ်။

အခမ်းအနားကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပြင် ကာကွယ်ရေး ဦးစီးချုပ် (ရေ) နဲ့ (လေ) တို့လည်း တက်ရောက်ကြောင်း ဖေါ်ပြထားပါတယ်။

ကာကွယ်ရေး ဦးစီးချုပ် ( ကြည်း ) ရာထူးဟာ ဒုချုပ် တာဝန်ကိုပါ ယူရတာ ဖြစ်ပေမယ့် လက်ရှိမှာတော့ ဒုချုပ်စိုးဝင်းက ဆက်လက် တာဝန် ယူထားတာ ကိုတွေ့ရပါတယ်။

ဒီအတွက် လက်ရှိ စစ်တပ်ရဲ့ အမြင့်ဆုံး ရာထူးတွေကတော့

နံပါတ် ၁ – တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

နံပါတ် ၂ – ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း

နံပါတ် ၃ – တပ်မတော် ညှိကွပ် ( ကြည်း / ရေ / လေ ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

နံပါတ် ၄ – ကာကွယ်ရေးဦးစီးချုပ် ( ကြည်း ) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ ဖြစ်ကြပါတယ်။

မတ်လ ၈ ရက်နေ့ က အခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ဖွင့်ခဲ့သလို ဖရီဂိတ်စစ် စစ်ရေယာဉ် (သာလွန်မင်း) နဲ့ တခြား စစ်ရေယာဥ်တွေ တပ်တော်ဝင်ခဲ့ကြော်း သိရပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *