မတ်လ ၁၈ – ၂၀၂၆
စစ်တပ်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီး ဒီကနေ့ ကျင်းပခဲ့တဲ့ တတိယ အကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးဟောင်း ဗိုလ်ချုပ်ကြီးဟောင်း အောင်လင်းဒွေး က ပြိုင်ဘက်မရှိ အဆိုတင်သွင်းခံရပြီး အမျိုးသားလွှတ်တော် ဥက္ကဌ ဖြစ်လာပါတယ်။
ပေါက်ကြားလာတဲ့ စာရင်းတွေအရ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးခင်ရီ နဲ့ ဒုဥက္ကဌ ဦးမောင်မောင်အုန်း တို့ဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဌ အဖြစ် ဦးအောင်လင်းဒွေး ဖြစ်ပါတယ်။
ဒါ့အပြင် လက်ရှိတပ်ချုပ်က သမ္မတ ဖြစ်လာမှာ ဖြစ်ပြီး တပ်ချုပ်နေရာကို ဒုချုပ်စိုးဝင်းက တာဝန်ယူပြီး ဒုသမ္မတတွေ အဖြစ် ဦးညိုစော နဲ့ ဒေါ်ဒွဲဘူ တို့ ဖြစ်လာမယ်လို့ သိရပါတယ်။
photo: popular news journal
—————————
THN Public Media
