ဗိုလ်နဂါး စစ်တပ်ထံ လက်နက်မချခင် ညီဖြစ်သူ ကို ဘာတွေ ပြောကြား ထားခဲ့လဲ။
BNRA ဗိုလ်နဂါးဖြစ်စဥ် နောက်ပိုင်း ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှာ ဗိုလ်နဂါး ညီမ မဝါဝါခိုင် ကို NUG MOD ပုလဲ ကာလုံ တာဝန်ခံ ကိုသစ်ငြိမ်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုအချိန် အထိ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဗိုလ်နဂါးရဲ့ ညီဖြစ်သူ ဂျပန်မှာ နေထိုင်တဲ့ ကိုရန်နိုင်ထွန်းကို မေးထားပါတယ်။
ဒါ့အပြင် ပုလဲဒေသက ဗိုလ်နဂါးမိသားစုတွေ နဲ့ ဂျပန်က ကိုရန်နိုင်ထွန်း တို့ဟာ တော်လှန်ရေး ရန်ပုံငွေတွေကို ကိုယ်ကျိုးသုံးခဲ့တယ် ဆိုတဲ့ စွပ်စွဲ ချက်တွေ အပေါ်မှာလည်း အစစ်အဆေး ခံနိုင်ကြောင်း ကိုရန်နိုင်ထွန်းက ပြောပြထားပါတယ်။
ဗိုလ်နဂါးရဲ့ နောက်ဆုံးပြောကြားခဲ့တဲ့ အသံဖိုင်ကိုလည်း ကိုရန်နိုင်ထွန်းက ဖွင့်ပြခဲ့ပါတယ်။
THN Public Media
