အင်တာဗျူး

ဗိုလ်နဂါး ဖြစ်စဥ် – နောက်ခံ/အကျိုးဆက်/သင်ခန်းစာ – အထူးသုံးသပ်ချက် – ဒေါက်တာစိုင်းကြည်ဇင်စိုး

‘’ဗိုလ်နဂါးကို ကယ်ထုတ်တာက… အလေးထားပြီး ကယ်ထုတ်သွားတဲ့ပုံစံမျိုး’’
‘’သေနတ် ဖြေရှင်းတဲ့ ယဥ်ကျေးမှု တခု… တော်လှန်ရေးခေါင်းစဥ်အောက်မှာ ထွန်းကားသွားပြီ…’’
‘’ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲထည့်ပြီးမှ… ကပ်ချင်တဲ့ ပုဒ်မ ကပ်တာ… ဒါစစ်တပ်လုပ်တဲ့ ပုံစံမျိုး…’’

ဒေါက်တာစိုင်းကြည်ဇင်စိုး (မြန်မာ့နိုင်ငံရေး သုံးသပ်သူ)

စစ်ကိုင်း ပုလဲနယ်က BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးကို NUG MOD က အင်အား အလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ဗိုလ်နဂါးဟာ စစ်တပ် ထံ လက်နက်ချ ပူးပေါင်းသွားပါတယ်။

BNRA အဖွဲ့ဟာ ကျူးလွန်မှုများစွာ အတွက် ဥပဒေကြောင်းအရ အရေးယူတာကို လက်မခံလို့ NUG MOD က အခုလို စစ်ရေးအရ အရေးယူရတာလို့ ပြောပါတယ်။

ဗိုလ်နဂါးကရော တခြား လမ်းကြောင်း တခုခုကို ဘာလို့ မရွေးချယ်ခဲ့ တာလဲ။

ဒီဖြစ်စဥ် ရဲ့ တကယ့် နောက်ကွယ်က အခြေအနေ – ရှေ့ဆက်ဖြစ်လာ နိုင်မယ့် အကျိုးဆက်တွေ နဲ့ ဘာတွေ သင်ခန်းစာ ယူနိုင်မလဲ ဆိုတာ ဒေါက်တာစိုင်းကြည်ဇင်စိုး နဲ့ သုံးသပ်ဆွေးနွေး တင်ဆက်ထားပါတယ်။


THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *