မိုးလေဝသ သဘာဝပတ်ဝန်းကျင်

ဗီယက်နမ်ကို ဖြတ်ကျော်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံး

စက်တင်ဘာ ၃၀ – ၂၀၂၅

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းတို့ကို တိုက်ခတ်ခဲ့တဲ့ ဘူလွိုင် တိုင်ဖုန်းမုန်တိုင်း ကြောင့် လူ အနည်းဆုံး ၁၁ ဦးကို သေဆုံးစေခဲ့ပြီး အိမ်ရာပေါင်းများစွာ ပျက်စီးခဲ့တယ်လို့ ဗီယက်နမ် မီဒီယာတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ည က ကုန်းတွင်းပိုင်းသို့ ဝင်ရောက် တိုက်ခတ် ခဲ့တဲ့ မုန်တိုင်းကြောင့် လမ်းတွေ ရေလွှမ်းသွားပြီး၊ တံတားတွေ မျောပါသွားကာ အဆောက် အအုံတွေရဲ့ အမိုးတွေလည်း ပြုတ်ထွက်ကုန်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အင်အားလျော့သွားကာ အိမ်နီးချင်း လာအိုနိုင်ငံကို ရွေ့လျားသွားခဲ့ပါတယ်။

မုန်တိုင်းကြောင့် ဒါဇင်နဲ့ချီတဲ့ လူတွေလည်း ပျောက်ဆုံးနေသလို ဒဏ်ရာရသူတွေလည်း အများအပြား ရှိပါတယ်။

ဒီမုန်တိုင်းဟာ သောကြာနေ့က ဖိလစ်ပိုင်ကို ဖြတ်ကျော်တိုက်ခတ် ခဲ့တာ ဖြစ်ပြီး ဖိလစ်ပိုင်မှာ လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း ၂၀၂၅ အတွက် အပြင်းထန်ဆုံး မုန်တိုင်းဖြစ်တဲ့ စူပါတိုင်ဖွန်း ရာဂါဆာ ဟာ ဖိလစ်ပိုင်မြောက်ပိုင်းနဲ့ ထိုင်ဝမ်တို့ကို တိုက်ခတ်ခဲ့ကာ လး အနည်းဆုံး ၂၈ ဦး ကို သေဆုံးစေ ခဲ့ပြီး နောက် ဟောင်ကောင်နဲ့ တရုတ်နိုင်ငံကို ဆက်လက် ဝင်ရောက်ခဲ့ပါတယ်။

အခု ဗီယက်နမ်ကို ဝင်ခဲ့တဲ့ ဘူလွိုင်မုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ ၇၃ မိုင် အထိရှိ ခဲ့ပေမယ့် လာအိုကို ရွှေ့လျားသွားချိန်မှာ အမြင့်ဆုံး တစ်နာရီ ၄၆ မိုင်သို့ လျော့ကျသွားခဲ့ပါတယ်။

ပင်လယ်ပြင်မှာ လှိုင်းလုံးကြီးတွေကြောင့် စက်လှေတွေကို ထိခိုက်စေခဲ့ပြီး တိုက်ခတ်ခံရပြီးနောက် ငါးဖမ်းသမား ၁၇ ဦး ပျောက်ဆုံး သွားတာကို ကယ်ဆယ်ရေး သမားတွေက ရှာဖွေနေပါတယ်။

တိုင်ဖွန်းမတိုင်ခင် ဗီယက်နမ်မှာ လူ ၃၀၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ရာသီဥတုကို ပိုမိုဆိုးရွားစေပြီး တိုင်ဖုန် မုန်တိုင်းတွေဟာလည်း ပိုမိုအားကောင်းလာကာ မကြာခဏ တိုက်ခတ် နေတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *