KNU က ဝင်းစီးပြီး ထိန်းချုပ်ထားတဲ့ မင်းလက်ပံ ကို စစ်တပ်ကနေ စစ်ကြောင်း ၂ ကြောင်းထိုး တိုက်ခိုက် နေတယ်လို့ KNU ယူက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
အချိန်ကြတာနဲ့ အမျှ မင်းလက်ပံ အခြေအနေဟာ ပိုမိုဆိုးရွား လာနေ ကြောင်း နဲ့ KNU အနေနဲ့ ကျားဖျန့်က လူတွေကို တတ်နိုင် အစားအသောက် နဲ့ လုံခြုံရေး အတွက် သလောက်ကူညီ ဆောင်ရွက် ပေးနေကြောင်း ထုတ်ပြန် ထားပါတယ်။
ကျားဖျန့်ဝင်း အတွင်း မှာ ဒီကနေ့ အထိ ထွက်ခွာလိုခြင်း မရှိတဲ့သူ တရုတ် နိုင်ငံသား အများစု အပါအဝင် လူပေါင်း ၉၄၂ ရှိနေဆဲ ဖြစ်တယ်လို့ KNU က ပြောပါတယ်။
အဲဒီအထဲမှာ ကာဖက်စတန် အင်ဒိုနီးရှား ထိုင်ဝမ် ဗီယက်နမ် နဲ့ လာအိုတို့က ၁၁ ဦးဖြစ်ပြီး ကျန်သူတွေက တရုတ်နိုင်ငံသား ဖြစ်တယ်လို့ ဆိုပါတယ်။
ကျားဖျန့်ဝင်းထဲက ထွက်လိုသူ တရုတ်နိုင်ငံသား ၇၅ ဦးကိုတော့ နိုဝင်ဘာ ၃၀ ကတည်း အပြင်ထုတ်ပေးခဲ့ပြီး သူတို့ဟာ အခု ထက်ထိ သောင်ရင်း မြစ်ကမ်းမှာ ဘယ်မှာ သွားလို့မရဘဲ သောင်တင်နေပါတယ်။
တခြားတရုတ်နိုင်ငံသား ၃၇၂ ဦးကိုတော့ ထိုင်းအာဏာပိုင်တွေထံ လွှဲပြောင်း ပေးထားခဲ့ပြီ ဖြစ်ပါတယ်။
—————————
THN Public Media
