War

မန္တလေး PDF မှာ ရဲဘောသစ်တွေ အရေးတကြီး လိုအပ်နေလို့ ပါဝင်ကြဖို့ ဖိတ်ခေါ်

နိုဝင်ဘာ ၁ – ၂၀၂၅

တော်လှန်ရေးအတွက် မဟာဗျူဟာမြောက် နယ်မြေတွေကို ဆက်လက် ထိန်းချုပ်နိုင်ဖို့ နဲ့ မြန်မာပြည် အလယ်ပိုင်း က စစ်တပ် ရဲ့ အချက်အချာ နေရာတွေကို ဆက်လက် ခြိမ်းခြောက်နိုင်ဖို့ အတွက် ရဲဘောသစ်တွေ လိုအပ်နေကြောင်း မန္တလေး PDF က ဒီကနေ့ သတင်းထုတ်ပြန်ထား ပါတယ်။

ဒီအတွက် တော်လှန်စစ်ကို ဆင်နွှလိုတဲ့ လူငယ်လူရွယ် တွေကို ဖိတ်ခေါ် ကြောင်း ဖေါ်ပြထားပါတယ်။

လက်ရှိမှာ စစ်ရေးအရ PDF တွေ စိုးမိုး ထိန်းချုပ်ထားတဲ့ နယ်မြေဒေသ တွေကို စစ်တပ်က မြေပြင်ဝေဟင် သာလွန်အင်အားများစွာနဲ့ ထိုးစစ်ဆင်နေ ကြောင်းနဲ့ ဒါကို အတတ်နိုင်ဆုံး အကောင်းဆုံး ကြံ့ကြံ့ခံ ရင်ဆိုင်နေကြကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *