War နိုင်ငံရေး ပြည်တွင်း

မန်းတက္ကသိုလ်ရာပြည့်ပွဲ လာရောက်တဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ လပခ ထဲကို BWM က ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်

အောက်တိုဘာ ၄ – ၂၀၂၅

မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်၊ ရာပြည့်သဘင်ပွဲကို တက်ရောက်ဖို့ လာတဲ့ စစ်ကော်မရှင် ဥက္ကဌ တည်းခိုရာ နန်းတွင်းထဲက အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ထဲကို Brave Warriors for Myanmar BWM က ဦးဆောင်ပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း BWM က သတင်းထုတ်ပြန်ထားပါတယ်။

မန္တလေး တက္ကသိုလ်ထဲမှာကျင်းပတဲ့ ရာပြည့်သဘင် အခမ်းအနားမှာ အရပ်သားပြည်သူတွေကို ထိခိုက်မှာ စိုးတဲ့အတွက် လပခ ထဲကိုသာ တိုက်ခိုက်တာ ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

အခုလို တိုက်ခိုက်မှု ရှိခဲ့ပေမယ့် စစ်ကော်မရှင် ဥက္ကဌ နဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မန္တလေး တက္ကသိုလ်ထဲက ရာပြည့်သဘင် အခမ်းအနားကို မနက် ၉ နာရီလောက်မှာ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *