စက်တင်ဘာ ၂၉ – ၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းရွာဘက်က TNLA တပ်ဖွဲ့ရဲ့ ဂိတ်စခန်းကို စက်တင်ဘာလ ၂၈ ရက်နေ့က ဒေသခံတွေ ဖျက်ဆီးဖယ်ရှား လိုက်ကြောင်း ဒေသခံတွေဆီက သိရ ပါတယ်။
“ကျောက်မဲမြို့နယ် မိုင်းတင်းရွာက ဒေသခံတွေက TNLA တွေရဲ့ ဂိတ်စခန်းကို ဖျက်ဆီး လိုက်တာပါ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
မိုင်းတင်း အုပ်စုထဲ ကနေ TNLA တပ်ဖွဲ့ရဲ့ ယာယီ ဂိတ်စခန်း ဖယ်ရှားပေးဖို့လည်း ကျေးရွာလူထုတွေ အကြိမ်ကြိမ် တောင်းဆိုခဲ့ ဖူးတယ်လို့ သူက ပြောပါတယ်။
“မိုင်းတင်းရွာမှာ TNLA တွေ စခန်းလာချတာကို ရွာခံတွေက မိုင်းတင်းနယ်ထဲက ထွက်ခွာပေးဖို့ ဝိုင်းဝန်းတောင်းဆိုခဲ့တယ်” လို့ နောက်ထပ် ဒေသခံ တယောက်ကလည်း ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်း ကျောက်မဲမြို့ မိုင်းတင်းနယ်ထဲ စခန်းလာရောက် ချထားတဲ့ TNLA တပ်ဖွဲ့အား မိုင်းတင်းနယ်ထဲ ထွက်ခွာသွားပေးဖို့ ဒေသခံများက စက်တင်ဘာ ၂၈ ရက်နေ့က ဝိုင်းဝန်း တောင်းဆိုမှု ကြောင့် TNLA တပ်ဖွဲ့အနေနဲ့ မွန်းတည့်ချိန် မတိုင်ခင် ထွက်ခွာသွားခဲ့တယ်လို့ သူက ပြောပါတယ်။
ရွာထဲ TNLA တပ်ဖွဲ့ စခန်းချတာကို ထွက်ခွာပေးဖို့ တောင်းဆိုတာဟာ လက်ရှိ စစ်ရေး အခြေအနေ ကြောင့် လေကြောင်း အန္တရာယ်ကို စိုးရိမ်တာကြောင့် တောင်းဆိုရခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
Crd – VOM