ပြည်တွင်း

မော်ဒယ် နန်းမွေစံ ပြန်လွတ်ပြီ

ဇန်နဝါရီ ၄ – ၂၀၂၆

ဒီကနေ့ ဇန်နဝါရီ ၄ ရက်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် လွတ်ငြိမ်းချမ်းသာခွင့်မှာ မော်ဒယ်နန်းမွေစံ ဟာ ရန်ကုန်မြို့၊ အင်းစိန် အကျဉ်းထောင် ကနေ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်တယ်လို့ နီးစပ်သူတွေ ဆီက သိရပါတယ်။

“လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်တဲ့အထဲမှာ သမီးနန်းမွေစံ ပါလာပါပြီ” လို့ သူမရဲ့ မိခင်ဖြစ်သူက အသိပေး ပြောဆိုထားပါတယ်။

မော်ဒယ် နန်းမွေစံဟာ လိင်အသားပေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို လူမှု ကွန်ရက် ပေါ်မှာ အခကြေးငွေယူကာ ဖြန့်ဝေမှုကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အီလက်ထရွန်းနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ နဲ့ အမှုဖွင့် အရေးယူ ခံခဲ့ရပြီး စက်တင်ဘာ ၂၇ ရက်နေ့မှာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တရားရုံးမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

ဒီထဲကနေ မန္တလေး အိုးဘိုထောင်က ၂၈၃ယောက်လွတ်မြောက်ပြီး မန္တလေးတိုင်း အတွင်းက စုစုပေါင်း အကျဥ်း သား ၁၁၆၇ ယောက် လွတ်မြောက်တယ်လို့ အကျဥ်းဦးစီးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရ ပါတယ်။

Photo – CJ

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *