ပြည်တွင်း

မြင်းခြံ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် ရဲ့ ခင်ပွန်း ဦးစိန်လွင် ကို ဖမ်းဆီးမိကြောင်း မြင်းခြံ PDF ထုတ်ပြန်၊ ဒေါ်သီတာယုမွန် က သူ့နဲ့ မဆိုင်ကြောင်း တု့န်ပြန်

ဇန်နဝါရီ ၁၅ – ၂၀၂၆

မန္တလေးတိုင်း မြင်းခြံခရိုင် ပြည်သူ့စစ်ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်သီတာယုမွန် ရဲ့ ခင်ပွန်း ဦးစိန်လွင် ကို ဖမ်းဆီးမိကြောင်း မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း PDF က မနေ့က သတင်း ထုတ်ပြန်ထားပါတယ်။

ဦးစိန်လွင် ဟာ ပုဂံညောင်ဦး ကို အပန်း‌ဖြေခရီးထွက်လာချိန်မှာ

မြင်းခြံ ခရိုင် အမှတ် (၃) တပ်ရင်း၊ တပ်ခွဲ (၂) က ဖမ်းဆည်းမိခဲ့တာလို့ ဖေါ်ပြ ထားပါတယ်။

ဖမ်းမိချိန်မှာ မူးယစ်ဆေးဝါး တချို့ကိုလည်း တွေ့ရှိရပြီး သူဟာ ပြည်သူ့သစ် ဒုခေါင်းဆာင် ဖြစ်တယ်ဆိုတာ သိရကြောင်းလည်း ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ဒေါ်သီတာယုမွန် က သူနဲ့ ဘာမှ မဆိုင်ကြောင်း ဆိုရှယ်မီဒီယာ ကနေ တုန့်ပြန်ထားပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *