နိုင်ငံရေး

မြန်မာနိုင်ငံမှာ အကျဉ်းသား ၄၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့်ပေးတဲ့ အပေါ် ထိုင်းနိုင်ငံ ကြိုဆို

ဧပြီ ၂၁ – ၂၀၂၆

မြန်မာ့နှစ်သစ်ကူး ဧပြီလ ၁၇ ရက်နေ့မှာ သမ္မတဟောင်း ဦးဝင်းမြင့် အပါအဝင် အကျဉ်းသား ၄၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ထိုင်းနိုင်ငံက ကြိုဆို လိုက်ပါတယ်။

တင်းမာမှုတွေကို လျော့ပါးစေဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာ အခုလို လွတ်ငြိမ်း ချမ်းသာခွင့်ပေးတာဟာ နိုင်ငံအတွင်း အားတက်စရာ ကောင်းတဲ့ အခြေအနေ တခု ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောကြားပါတယ်။

ဒါဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတရပ်လို့ ထိုင်းဘက်က ရှုမြင်ထားပါတယ်။

ဒီလုပ်ဆောင်ချက်က အဖွဲ့အစည်းအားလုံးကြား ယုံကြည်မှု တည်ဆောက်ရေး အတွက် အထောက်အကူဖြစ်စေပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည် ရရှိဖို့ ကြိုးပမ်းမှုတွေကို အားပေး ထောက်ပံ့နိုင်မယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။

အာဆီယံရဲ့ ဦးဆောင်ကြိုးပမ်းမှုတွေနဲ့ အညီ သက်ဆိုင်သူတွေ အားလုံး ကြားမှာ အပြုသဘောဆောင်တဲ့ ထိတွေ့ ဆက်ဆံမှုနဲ့ ဆွေးနွေးမှု တွေကို ထိုင်းနိုင်ငံ အနေနဲ့ အသင့်ရှိကြောင်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့ ပါတယ်။

ထိုင်းနိုင်ငံဟာ သံတမန်ရေးရာ လမ်းကြောင်းတွေက တဆင့် ဆွေးနွေး ညှိနှိုင်းမှု တွေကို မြှင့်တင်ဖို့နဲ့ အကြမ်းဖက်မှုတွေကို လျှော့ချဖို့ ကြိုးပမ်း နေတာပါ။

ဒါ့အပြင် ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ့ အရေးအခင်းကို ငြိမ်းချမ်းစွာ ဖြေရှင်း နိုင်ဖို့ အတွက် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပူးပေါင်းပြီး တိုးတက်မှု တွေ ရှိလာအောင် လုပ်ဆောင်သွားမယ့် ကတိ ကဝတ် ကိုလည်း ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

ref: Thai PBS World

ဓါတ်ပုံ – ဓာတ်ပုံဟောင်း – ၂၀၂၀ တုန်းက မြန်မာနိုင်ငံ အခမ်း အနား တခုကို တရုတ်သမ္မတ ရှီကျင်ပင်း၊ မြန်မာသမ္မတ ဦးဝင်းမြင့် နဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ တက်ရောက်စဥ် – AFP

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *