မတ် ၃၁ – ၂၀၂၆
အမျိုးသားလွှတ်တော်ကနေ ဒီကနေ့မှာ မဲခွဲဆုံးဖြတ်ချက်အရ ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ခံရတဲ့ ဒေါ်နန်းနီနီအေးက ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ကရင်ပြည်နယ်ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဖြစ်ပါတယ်။
ဒီကနေ့ကျင်းပတဲ့ ဒုတိယသမ္မတ ရွေးချယ်တဲ့နေ့မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှာကရင်ပြည်နယ် မဲဆန္ဒနယ် ၂ က ဒေါ်နန်းနီနီအေး နဲ့ ကချင်ပြည်နယ် မဲဆမ္ဒနယ် ၂ က ဒေါက်တာ မနမ်တူးဂျာ တို့ကို တင်သွင်းခဲ့တာမှာ မဲခွဲဆုံးဖြတ်မှုအရ ဆန္ဒမဲလက်မှတ်ပေါင်း (၁၅၅ ) ရှိတာမှာ ဒေါ်နန်းနီနီအေး က (၁၁၇ ) မဲ ၊ဒေါက်တာမနန်တူးဂျာ ( ၃၈ ) မဲ အသီးသီးရရှိခဲ့တာကြောင့် နန်းနီနီအေးကို ဒုသမ္မတအဖြစ် ရွေးချယ်ခဲ့ ပါတယ်။
အသက် ၅၈ နှစ်အရွယ် B.SC (Hons: Zoology), D.C.Sc ,M.I.Sc ဘွဲ့ တွေ ရရှိခဲ့ပြီး၊ ၂၀၀၁ ခုနှစ် ကနေ ၂၀၁၀ ခုနှစ်အထိ ကွန်ပြုတာ တက္ကသိုလ် လက်ထောက် ကထိက အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၁၀ ခုနှစ်မှာပဲ ဝန်ထမ်းအဖြစ်က နှုတ်ထွက်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်ရောက် ယှဥ်ပြိုင် ခဲ့တာမှာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ နဲ့ ၂၀၂၅ ခုနှစ်က ရွေးကောက်ပွဲ တွေမှာ ၄ ကြိမ် တိုင်တိုင် အနိင်ရရှိထားတာဖြစ်ပါတယ်။
ထူးခြားတာက သူမဟာ အမျိုးသားလွှတ်တော်ရဲ့ ကိုယ်စားလှယ် မဟုတ်ပါဘူး၊ ပြည်နယ်အဆင့် ကရင်ပြည်နယ် လွှတ်တော်က ဘားအံ မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ရဲ့ အချိုးကျ ကိုယ်စားပြု ကိုယ်စားလှယ်ဖြစ်ပြီး ဒုသမ္မတ အဖြစ်တင်မြှောက်ခံရတဲ့ ပထမဆုံး အမျိုးသမီး ဒုသမ္မတ ဖြစ်ပါတယ်။
Crd – VOM
—————————
