Sport

မြန်မာ ယူ-၁၇ အသင်း အာရှဖလား ခြေစစ်ပွဲအောင်၊ စစ်ကော်မရှင် ဥက္ကဌက ကျပ်သိန်း ၁၀၀၀ ဆုချီးမြှင့်

နိုဝင်ဘာ ၃၀ – ၂၀၂၅

ဒီကနေ့ ညနေပိုင်းက ရန်ကုန် သုဝဏ္ဏဘောလုံးကွင်းမှာ မြန်မာ ယူ-၁၇ အသင်းနဲ့ ဆီးရီးယားအသင်း တို့ ယှဥ်ပြိုင်ကစားကြရာ ၂ ဂိုးစီ သရေကျပြီးနောက် မြန်မာ အသင်းဟာ ၂၀၂၆ အာရှဖလား ခြေစစ်ပွဲ အောင်သွားပြီ ဖြစ်ပါတယ်။

မြန်မာအသင်းဟာ အုပ်စု G မှာ ရမှတ် ၁၀ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ခြေစစ်ပွဲ အောင်သွားတာလည်း ဖြစ်ပါတယ်။

ခြေစစ်ပွဲအောင်သွားတဲ့ မြန်မာ ယူ-၁၇ အသင်းကို စစ်ကော်မရှင် ဥက္ကဌ က ဆုငွေ ကျပ်သိန်း ၁၀၀၀ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *