မေလ ၂၅ – ၂၀၂၆
ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် သရက်ကန်ပျူ စောထီးစခန်းကို မေလ ၂၃ရက် မနက်ပိုင်းမှာ တိုက်ခိုက် သိမ်းပိုက် နိုင်ကြောင်း Magway PDF က ဒီကနေ့ သတင်း ထုတ်ပြန် ထားပါတယ်။
ABSDF အပါအဝင် Magway PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက “တမာမြေ စစ်ဆင်ရေး” ကို ဖေါ်ဆောင်ခဲ့တာ ဖြစ်ပြီး မေလ ၂၂ မှာ စတင်ခဲ့တာ ဖြစ်ကာ စစ်တပ်ဘက်က လေကြောင်းနဲ့ အကြိမ်ရေ ၄၀ တိုက်ခိုက် တဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာ လို့ ဖေါ်ပြထားပါတယ်။
ရွာထဲက ပြည်သူ ၄၉ ဦးကို ကယ်နိုင်ခဲ့ပြီး လက်နက် တချို့နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
လောလောဆယ် လုံခြုံရေးအရ သရက်ကန်ရွာကို အများပြည်သူ အနေနဲ့ ဝင်ထွက်သွားလာခြင်း မပြုဖို့ကိုလည်း အသိပေးထားပါတယ်။
—————————
THN Public Media
