ဇွန်လ ၇ – ၂၀၂၆
ကျောင်းသားတွေ လွတ်လပ်စွာ ပညာသင်ယူခွင့်ကို တားမြစ် ဟန့်တားတာ မဟုတ်ကြောင်း နဲ့ ကျောင်းသားတွေ ဘေးကင်းလုံခြုံဖို့ အတွက် ကလေးတွေ မြို့ပေါ်ကျောင်း အပ်တဲ့အခါ မိဘတွေပါ မြို့ပေါ်မှာ ပြောင်းရွှေ့ နေထိုင်ဖို့ လောင်းလုံးမြို့နယ် PDF နဲ့ ပသုံးလုံး အပါအဝင် ဒေသခံ တော်လှန်ရေး တပ်တွေက ဇွန်လ ၆ ရက်နေ့က မေတ္တာရပ်ခံစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။
အကြောင်းကတော့ လောင်းလုံးမြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့ အခုလို အချိန်မှာ စစ်ကောင်စီ တပ်တွေက ကျောင်းကြို ကျောင်းပို့ ယာဥ်တွေကို အကာအကွယ် ယူပြီး သွားလာ နေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအတွက် ကလေးသူငယ်တွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဥ်စား ရတာ ဖြစ်လို့ အခုလို မေတ္တာရပ်ခံတာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media
