မေလ ၂၀ – ၂၀၂၆
ဒီကနေ့ည ယှဥ်ပြိုင်တဲ့ ဥရောပ ယူရိုပါလိဂ် နောက်ဆုံးဗိုလ်လုပွဲမှာ အင်္ဂလန်အသင်း အက်စတန်ဗီလာ က ဂျာမနီ အသင်း Freiburg ကို ၃ ဂိုးပြတ် နဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
အက်စတန်ဗီလာ ဟာ နှစ် ၃၀ အကြာမှာ အခုလို ဆုဖလား ပြန်လည် ရရှိ ခဲ့တာ ဖြစ်ပြီး ဥရောပ ဆုဖလား အနေနဲ့ကတော့ နှစ်ပေါင်း ၄၄ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
တူရကီ နိုင်ငံ အစ္စတန်ဘူလ် မြို့ အားကစားကွင်းမှာ ယှဥ်ပြိုင်ခဲ့ကြတာ ဖြစ်ပြီး ဗြိတိသျှ အိမ်ရှေ့စံ မင်းသားဝီလျံလည်း တက်ရောက်အားပေးခဲ့ ပါတယ်။
အက်စတန် ဗီလာ ဟာ မရီးမီးယားလိဂ် ဇယားမှာ နံပါတ် ၄ နေရာမှာ ရှိပြီး Freiburg ကတော့ ဂျာမနီ ဘွန်းဒက်ရှ်လီဂါ ဇယားမှာ နံပါတ် ၇ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။
—————————
THN Public Media
