မေလ ၃၁ – ၂၀၂၆
မကွေးတိုင်း ယောဒေသ ဖြစ်တဲ့ ပုံတောင်နတ်ထိပ် ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မေလ ၁၃ ရက်နေ့ကစလို့ တော်လှန်ရေး ပူးပေါင်းတပ်တွေက အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်ခဲ့ကြ ကြောင်း ယောတပ်တော် နဲ့ PLA တို့က ဒီကနေ့မျာ ကြေညာချက် အသီးသီးထုတ်ပြန်လိုက်ပါတယ်။
အခုလို တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်က ၈၀ ကျော်ကျပြီး ၁၀၀ ကျော်ဒဏ်ရာ ရရှိသွားတယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင် စစ်သုံ့ပန်းတွေ ဖမ်းဆီးမိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
ပူးပေါင်းတပ်တွေ ဘက်ကလည်း အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
—————————
THN Public Media

