နိုင်ငံတကာ

ရထားလမ်းတံတားဆောက်နေတဲ့ ကရိန်း ပြိုကျလို့ ရထားဝင်တိုက်မိပြီး အနည်းဆုံး ၂၈ ဦး သေဆုံး

ဇန်နဝါရီ ၁၄ – ၂၀၂၆

ထိုင်းနိုင်ငံမှာ မြန်နှုန်းမြင့် ရထားလမ်း တံတား ဆောက်လုပ်နေတဲ့ ကရိန်းတခု ပြိုကျကာ ခရီးသည်တင် ရထားတစီး က အရှိန်နဲ့ ဝင်တိုက်မိပြီး ရထား လမ်းချော်ထွက်သွားကာ မီးလောင်မှု ဖြစ်ပွားခဲ့ ပြီးနောက် အနည်းဆုံး လူ ၂၈ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားပါတယ်။

ဘန်ကောက် ကနေ Ubon Ratchathani ကို မောင်းနှင်လာတဲ့ ခရီးသည် တင် ရထားဟာ Ban Thanon Khot အရောက် မနက် ၉ နာရီလောက်မှာ ရထားလမ်း တံတား ဆောက်နေတဲ့ ကရိန်းတခု ပြုတ်ကျခဲ့တာ ဖြစ်ပါ တယ်။

ပြိုကျနေလာတဲ့ ကရိန်းကို အမြန်နှုန်းနဲ့ မောင်းနှင်လာတဲ့ ရထားက ဝင်တိုက် မိသလို၊ တံတား အစိတ်အပိုင်း တွေလည်း ရထားပေါ် ပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

ရထားတွဲတွေ လမ်းချော်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကာ ခရီးသည်တွေလည်း အပျက်အစီးတွေ အကြား ပိတ်မိနေခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေဟာ အခင်းဖြစ်ပွားရာ နေရာမှာ ရထား အပျက်အစီး တွေကြား ကနေ အနည်းဆုံး အလောင်းသုံးလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးသူတွေကို အတည်ပြုခဲ့ပါတယ်။

ခရီးသည် ၄၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ဒဏ်ရာ ပြင်းထန်ကြ ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ အလျင်အမြန် ရောက်လာကြပြီး ပိတ်မိနေတဲ့ ခရီးသည်တွေကို ကယ်ထုတ်ကာ ဆေးရုံတွေဆီ ပို့ဆောင်ခဲ့ပါတယ်။

ကနဦး စုံစမ်းစစ်ဆေးမှုတွေ အရ ရထားမရောက်ခင် မိနစ်အနည်းငယ် အလို ရထားလမ်းပေါ်ကို ကရိန်းပြုတ်ကျခဲ့တာ ဖြစ်ပြီး အကြောင်းရင်းကို ဆက်လက် စုံစမ်းနေတယ်လို့ သိရပါတယ်။

ပျောက်ဆုံးနေသော ခရီးသည်တွေကို တာဝန်ရှိသူတွေက ဆက်လက် ရှာဖွေ နေပါတယ်။

ref: khaosod

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *