ပြည်တွင်း

ရဟတ်ယာဥ် နဲ့ လေယာဥ် အသစ်တွေ တပ်တော်ဝင် အခမ်းအနား စစ်ကော်မရှင် ဥက္ကဌ တက်ရောက်၊ လေတပ်အင်အားကောင်းဖို့ မဖြစ်မနေ လုပ်ရမယ်လို့ ဆို

နိုဝင်ဘာ ၈ – ၂၀၂၅

သယ်ယူပို့ဆောင်ရေး ရဟတ်ယာဥ်နဲ့ လေယာဥ်တွေ တပ်တော်ဝင် အခမ်းအနားကို မနေ့က နေပြည်တော် လေတပ်စခန်းမှာ ကျင်းပရာ စစ်ကော်မရှင် ဥက္ကဌ တက်ရောက် စကား ပြောခဲ့ကြောင်း သိရပါတယ်။

ရုပ်သံသတင်းဖေါ်ပြချက်အရ ရဟတ်ယာဥ် နဲ့ ၃ စင်းနဲ့ တခြား လေယာဥ် ၂ စင်း စုစုပေါင်း ၅ စင်းကို တပ်တော်ဝင်တာ ကို တွေ့ရပါတယ်။

စစ်ကော်မရှင် ဥက္ကဌ ကတော့ ၂၀၁၁ ကနေ ၂၀၂၅ ခုနှစ် အထိ (၁၅) နှစ်တာ အတွင်း လေယာဉ်/ရဟတ်ယာဉ် တွေ တပ်တော်ဝင်တဲ့ အခမ်းအနား (၁၅) ကြိမ် ကျင်းပခဲ့ကြောင်း ပြောကြားသွားပါတယ်။

လက်တလော နိုင်ငံတကာ နဲ့ ပြည်တွင်း အခြေအနေတွေ အရ လေယာဥ် ရဟတ်ယာဥ် ဒရုန်း နဲ့ UAV အပါအဝင် လေကြောင်စွမ်းအား မရှိမဖြစ် လိုအပ် လာကြောင်းနဲ့ ဒီအတွက် နိုင်ငံ အသီးသီး က လေတပ်ကို ခေတ်မီ အောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံကြီး ၂ နိုင်ငံကြားမှာ ရှိနေပြီး နိုင်ငံဟာ တောတောင် ထူထပ်ပြီး မြစ်ချောင်းအင်းအိုင် ပေါများတဲ့ အတွက် လေကြောင်စွမ်းအား အင်အားကောင်းဖို့ ခေတ်မီအောင် မဖြစ်မနေ ဆောင်ရွက်ရမယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် Non state actor လက်နက်ကိုင်အဖွဲ့တွေကလည်း လေကြောင်း အရင်းအမြစ်တွေကို ပိုင်ဆိုင် အသုံးပြုနိုင်အောင် ကြိုးပမ်း နေတာကို လေ့လာ သိရှိရတယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း အောင်မြင်အောင် ဆောင်ရွက်နေကာ ရွေးကောက်ပွဲက ပေါ်ထွန်းလာမယ့် ရွေးကောက်ခံ အစိုးရထံ နိုင်ငံတော် တာဝန်တွေကို ဒီမိုကရေစီ စံနှုန်းတွေနဲ့ အညီ လွှဲအပ်ပေးသွား မယ်လို့ လည်း ပြောကြားခဲ့ ပါတယ်။

ပြည်တွင်း ပြည်ပ အဖွဲ့တချို့ ကတော့ သူတို့ လိုလားချက် အတိုင်း မဟုတ်တဲ့ အတွက် ရွေးကောက်ပွဲ ပျက်ပြားစေဖို့ နည်းလမ်းပေါင်းစုံနဲ့ စွက်ဖက် ဟန့်တား နေတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့ တချို့လည်း တပ်တော်ရဲ့ ချေမှုန်းမှုကြောင့် တဖြည်းဖြည်း အရေးနိမ့်လာ နေတယ်လို့ လည်း ပြောပါတယ်။

သူတို့ ခေတ္တစိုးမိုးထားတဲ့ နယ်မြေတွေကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး လမ်းတံတားတွေ ပြည်သူ့နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို သွေးရူး သွေးတန်း တိုက်ခိုက်ဖျက်စီး လုယက် ယူဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါတွေကို ဟန့်တားချေမှုန်းရေး ဆက်လက် ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင် ဥက္ကဌ က ပြောကြားသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *