ပိတ်ဆို့ပြီး ပိတ်လှောင်မွန်းကျပ်နေတာဖြစ်လို့ ဒီရွေးကောက်ပွဲကနေ ထွက်ပေါက်ကို သွားရမယ်…’’
ကိုထက်အောင်ကျော် (NDF ဦးဆောင်သူဟောင်း)
‘’ဒါက စစ်တပ်အတွက်ပဲ ထွက်ပေါက်ဖြစ်မှာ… လူထုအတွက်က ထောင်ချောက်ပဲ…’’
မနိုးနိုးထက်စံ (နွေဦးတော်လှန်ရေး)
စစ်တပ်ကနေ မကြာခင် အငြင်းပွားဖွယ် ရွေးကောက်ပွဲတခုကို ကျင်းပတော့မှာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ စစ်ရေး နိုင်ငံရေး ပဋိပက္ခ နဲ့ အထွေထွေ အကျပ်အတည်း ကြောင့် ထွက်ပေါက်မရှိ ပိတ်လှောင်နေတဲ့ အခြေအနေ ကနေ ထွက်ပေါက်တခု ဖြစ်လာမယ်လို့ ယူဆသူတွေ ရှိသလို တဘက်မှာလည်း ဒါဟာ စစ်တပ် က တရားဝင် ဆက်အုပ်ချုပ်ရေး ရအောင်လုပ်တာသာ ဖြစ်လို့ ဒီရွေးကောက်ပွဲဟာ အတုအယောင် ဖြစ်တယ် ထောင်ချောက်သာ ဖြစ်တယ် ဒီအတွက် ဆန့်ကျင်ကန့်ကွက်ဖို့ တိုက်တွန်းနေကြပါတယ်။
အဲဒီတော့…
ဒီရွေးကောက်ပွဲဟာ ထွက်ပေါက်လား ထောင်ချောက်လား ဆိုတာ အဖြေရှာဖို့ အတွက် ဒီဘိတ် အထူးအစီအစဥ် ကို တင်ဆက်ပေးထားပါတယ်။
ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားရင် ပါတီဖျက်သိမ်းခံလိုက်ရတဲ့ NDF ပါတီရဲ့ ဦးဆောင်သူဟောင်း ကိုထက်အောင်ကျော် က ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို ရွေးချယ်ရမယ်လို့ အခိုင်အမာ ဆွေးနွေးထားပါတယ်။
နွေဦးတော်လှန်ရေး ဘက်က မနိုးနိုးထက်စံ ကတော့ ဒါဟာ စစ်တပ်အတွက် ထွက်ပေါက်ဖြစ်ပြီး လူထုအတွက် ထောင်ချောက် ဖြစ်တယ်ဆိုတာကို အချက်အလက် နဲ့ တကွ တင်ပြ ဆွေးနွေးထားပါတယ်။
‘’ရွေးကောက်ပွဲဟာ ထွက်ပေါက်လား ထောင်ချောက်လား’’
ကိုထက်အောင်ကျော် vs မနိုးနိုးထက်စံ
THN Public Media
