ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်မယ့် ရွေးကောက်ပွဲတွေ အတွက် နိုင်ငံတကာ မီဒီယာ ၆၁ ခု ကနေ သတင်း ထောက် ၂၁၅ ဦးကို ခွင့်ပြုပေးထား ကြောင်း သိရပါတယ်။
ခွင့်ပြုထားတဲ့ နိုင်ငံတကာ မီဒီယာ ၆၁ ခုထဲက မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ The New York Time သတင်းဌာနက တာဝန်ရှိသူတွေဟာ ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးရေးပါတီ က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နန်းဆုသဇင်အောင် (ခ) V V Chen ကို ရန်ကုန်မြို့မှာ တွေ့ဆုံ မေးမြန်းမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
ဒါအပြင် ၂၈ ရက်နေ့ စတင်မယ့် ရွေးကောက်ပွဲ အပိုင်း ၁ ကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံ ၉ ခုက စာရင်း ပေးထားပါတယ်။
အိန္ဒိယ၊ ရုရှား၊ ဘီလာရု၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ နီပေါ၊ ပါကစ္စတန်နဲ့ နိုင်ဂျီးရီးယားနိုင်ငံတွေ လေ့လာ စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းခွဲ ကျင်းပမှာ ဖြစ်ပြိး အပိုင်း (၁) ကို လာမယ့် ဒီဇင်ဘာ ၂၈၊ အပိုင်း (၂) ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်နေ့ နဲ့ အပိုင်း (၃) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်နေ့တွေမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ- V V Chan
Crd – ယနေ့ခေတ်
—————————
THN Public Media
