နိုင်ငံရေး ပြည်တွင်း

ရှမ်းမြောက်ဒေသ ပြည်ထောင်စုလမ်းမပေါ်က KIA ဂိတ်တွေ ဖယ်ပေးဖို့ MNDAA ပြော

မတ်လ ၁၇ – ၂၀၂၆

ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရာ ပြည်ထောင်စု လမ်းမပေါ်က KIA ဂိတ်စခန်းကို ဖယ်ရှားပေးဖို့ MNDAA ဘက်က‌ ပြောလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ဒီ ရှမ်းမြောက်က လားရှိုး – မူဆယ် လမ်းမပေါ် တလျှောက်က KIA ဂိတ်တွေ အရမ်းများတယ် ဖြုတ်လိုက်ပါ။ MNDAA ဗဟို အမိန့်ပါ ဆိုပြီး မနေ့က မွန်းလွဲ ပိုင်းကစ လိုက်လံ ပြောနေတယ်” လို့ KIA နဲ့ နီးစပ်သူ တ‌ယောက်က ပြောပါတယ်။

MNDAA ရဲ့ ပေါ်လစီကို ချုပ်ကိုင်ထားတာက တရုတ် အစိုးရ ဖြစ်တဲ့ အတွက်ကြောင့် တရုတ်အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဖြစ်လာမှာဖြစ်ပြီး တရုတ် အစိုးရ အနေနဲ့ MNDAA တပ်ဖွဲ့ကို ကြေးစား ငှားရမ်းထားတဲ့ သဘော ဖြစ်ကာ ရှမ်းမြောက်မှာ တခြား လက်နက်ကိုင်တွေကို ဖယ်ရှားပြီး နယ်စပ် ကုန်သွယ်ရာ လမ်းကြောင်းဖွင့်သွားလိမ့်မယ်လို့ သူက ပြောပါ တယ်။

“MNDAA တပ်ဖွဲ့တွေကို အသုံးချပြီး ပြည်ထောင်စုလမ်းပွင့်အောင်လုပ်မယ်။ မူဆယ် – လားရှိူးကြား အကုန်ရှင်းလိမ့်မယ်” လို့ နောက်ထပ် ဒေသခံ တယောက်က ပြောပါတယ်။

နမ့်ဖတ်ကာ – နမ့်ခမ်းကြားလမ်းကြောင်း ဘက်ကို MNDAA ဘက်က မနေ့ မတ်လ ၁၆ ရက်နေ့က အင်အား အများအပြား ဖြည့်တင်းနေဆဲ ဖြစ်တယ် လို့ သူက ပြောပါတယ်။

ဒေသခံတွေကတော့ တိုက်ပွဲထပ်ဖြစ်နိုင်မလား ဆိုပြီး စိုးရိမ် နေကြပေမယ့် KIA ဘက်က ရှမ်းမြောက်ဘက် တိုက်ပွဲဖော်ဆောင်ဖို့ ဆန္ဒ မရှိကြောင်း ဒေသခံတချို့ သုံးသပ် ပြောဆိုနေကြတာကိုလည်း ကြားနေရပါတယ်။

“မနေ့က အစိုးရတပ်နဲ့ MNDAA တို့အကြား‌တွေ့ဆုံမှု အပြီး မူဆယ် – လားရှိုး လမ်းပိုင်း ဖွင့်ပြီ” လို့ ရှမ်းမြောက် အခြေအနေကို လေ့လာ စောင့်ကြည့်နေသူ တယောက်ကလည်း ပြောပါတယ်။

MNDAA တပ်ဖွဲ့က AA ကိုပါ ဖယ်ရှားလိမ့်မှာ ဖြစ်ပြီး နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင် တွေကို တိုက်ယူ ပေးပြီး လားရှိုး ပြန်အပ်သလို အပ်လိမ့်မယ်လို့ ခန့်မှန်းရတယ်လို့ သူက ပြောပါတယ်။

MNDAA တပ်ဖွဲ့ အနေနဲ့တော့ တရုတ် အစိုးရက တိုက်ခိုင်းရင် ဘယ်အဖွဲ့ကို မဆို တိုက်မယ့် သဘောဖြစ်တယ်လို့ သူက ပြောပါတယ်။

ရှမ်း‌မြောက်မှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က စလို့ မြောက်ပိုင်း ညီ‌နောင် မဟာမိတ် အချင်းချင်းဖြစ်တဲ့ MNDAA နဲ့ TNLA တို့အကြား တိုက်ပွဲ ဖြစ်ပွား လာတာလည်း ဖြစ်ပါတယ်။

Photo Crd#

Crd – VOM

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *