ဇန်နဝါရီ ၄ – ၂၀၂၆
ဒီကနေ့ ကျရောက်တဲ့ ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အတွက် စစ်ကော်မရှင် ဥက္ကဌ သဝဏ်လွှာပေးဖို့ရာမှာ လက်နက်စွဲကိုင်ပြီး လူမျိုးစွဲ ဒေသစွဲနဲ့ မဖြစ်သင့်တာတွေ တောင်းဆိုတာဟာ ဒေသခံပြည်သူလူထုကို ဆင်းရဲတွင်းနက်အောင် လုပ်ဆောင်တာ ဖြစ်တယ်ဆိုပြီး ဖေါ်ပြထားပါတယ်။
ဒါ့အပြင် ထာဝရငြိမ်းချမ်းရေး အတွက် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အတိုင်း သက်ဆိုင်သူ အားလုံး ပူးပေါင်း ဆောင်ရွက်ကြရမယ်လို့ ဆိုပါတယ်။
ဒို့တာဝန် အရေး ၃ ပါးအပါအဝင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက် (၄) ရပ် ကို သန္နိဌာန်ချ ဆောင်ရွက်သွားကြ ဖို့ကိုလည်း စစ်ကော်မရှင်ဥက္ကဌ တိုက်တွန်းထားပါတယ်။
—————————
THN Public Media
