ဧပြီ ၃၀ – ၂၀၂၆
ရွေးကောက်ပွဲ နှောင့်ယှက်မှု နဲ့ ဖမ်းဆီးခံထားရတဲ့ လူရွှင်တော် အုန်းဒိုင်း အပါအဝင် ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ဒါရိုက်တာအောင်ချမ်းလူ၊ သရုပ်ဆောင်ကျော်ဝင်းထွဋ်တို့ လေးဦး လွတ်ငြိမ်းနဲ့ ဒီကနေ့ ပြန်လွတ် လာကြောင်း သိရပါတယ်။
ဒီဥပဒေနဲ့ပဲ ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မိုက်တီး ကတော့ ပြန်လွတ် လာခြင်း မရှိသေးပါ။
သူတို့တွေဟာ ‘’ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’’ ရွေးကောက်ပွဲ ဝါဒဖြန့် ကာ နဲ့ ပတ်သက်ပြီး ဝေဖန်ရေးသား ခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ ကြရတာ ဖြစ်ပါတယ်။
အခု ဒီကနေ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ် အဖြစ် အကျဥ်းသား ၁၀၅၈ ဦး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြန်လွတ်လာတဲ့ အထဲမှာ နိုင်ငံရေးအကျဥ်းသားတဦးမှ မပါဝင်ဘူးလို့
နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
—————————
THN Public Media
