မေလ ၂၉ – ၂၀၂၆
မကွေးတိုင်း မင်းဘူးမြို့နယ် မင်းဘူး-အမ်း လမ်းပိုင်းပေါ်မှာ စစ်တပ် ထောက်ပို့ကား တစီးကို မင်းဘူး ပကဖ၊ CDF-Asho နဲ့ NSA လူ့ဘောင်သစ် တပ်မတော် တို့က မေလ (၂၈) ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ် ဘက်က ၆ ဦး သေဆုံးပြီး (၃) ဦး ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG MOD က သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ် စိုးမိုးနယ်မြေထဲမှာ အခုလို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မိုင်းဆွဲပြီးနောက် ထိတွေ့ ပစ်ခတ်မှု မိနစ် (၂၀) ကြာ ဖြစ်ပွားခဲ့ ကြောင်းလည်း ဖေါ်ပြထားပါတယ်။
၁၂၂ မမ MLRS ရော့ကတ် (၂၈) လုံး အပါအဝင် လက်နက်တချို့နဲ့ ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။
—————————
THN Public Media
