လွန်ခဲ့တဲ့ ၃၆ နှစ် NCGUB အစိုးရ ဖွဲ့ပြီးစ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနဲ့ ABSDF ကျောင်းသား တပ်မတော် ရဲဘော်များ တွေ့ဆုံပွဲ (မာနယ်ပလော) – ၁၉၉၀ ဒီဇင်ဘာ ၁၉ ညနေ ၅ နာရီ (Crd – Myanmar Old Photos)
သမိုင်းဝင် မာနယ်ပလောစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သူ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစိန်ဝင်း ဟာ ဖေဖေါ်ဝါရီ ၆ ရက် မနက်မှာ အမေရိန်က ပြည်ထောင်စု ဝါရှင်တန်ဒီစီ ဆေးရုံတခုမှာ လူကြီးရောဂါနဲ့ ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒီအတွက် ဒေါက်တာစိန်ဝင်း ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အစ ဝန်ကြီးချုပ် ဘဝမှာ ABSDF ကျောင်းသား တပ်မတော် ရဲဘော်များ နဲ့ တွေ့ဆုံခဲ့တဲ့ မှတ်တမ်းကို အမှတ်တရ အဖြစ် ပြန်လည်ဖေါ်ပြလိုက် ပါတယ်။
၂၀၁၂ ဧပြီလမှာ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ခဲ့ပြီးနောက် NCGUB ကို ၂၀၁၂ စက်တင်ဘာလမှာ တရားဝင် ဖျက်သိမ်း ကြောင်း ကြေညာခဲ့ပါတယ်။
ဒေါက်တာစိန်ဝင်း ဟာ ဗိုလ်ချုပ်အောင်ဆန်းအကို အာဇာနည် ဦးဘဝင်း ရဲ့ သားဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ တဝမ်းကွဲ -မောင်နှမ ဖြစ်ပါတယ်။
THN Public Media
