နိုင်ငံရေး ပြည်တွင်း

သမ္မတသစ်ရဲ့ အဆိုပြုထားချက်တွေ လွှတ်တော်မှာ ကန့်ကွက်မှုမရှိ အကုန် အတည်ပြု

ဧပြီ ၉ – ၂၀၂၆

သမ္မတသစ်က အဆိုပြုထားတဲ့ ပြည်ထောင်စု အဆင့် ဝန်ကြီး ၃၀ ကို ပြည်‌ထောင်စုလွှတ်တော်က ဒီကနေ့ ကန့်ကွက်သူမရှိ အတည်ပြုလိုက် ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ၊ အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ၊ ဗဟိုဘဏ် ဥက္ကဋ္ဌ တွေ နဲ့ အဖွဲ့ဝင်တွေကိုလည်း ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ ပါတယ်။

လွှတ်‌တော်အစည်းအဝေးကို မနက်ဖြန် ၁၀ နာရီမှာ ပြန်လည်စတင်မယ်လို့ ကြေညာပြီး ဒီကနေ့ အတွက် အစည်းအဝေးကို ရုတ်သိမ်းသွားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *