နိုင်ငံတကာ

သမ္မတ ထရမ့် မလေးရှား ကနေ ဂျပန်နိုင်ငံကို ထွက်ခွာ

အောက်တိုဘာ ၂၇ – ၂၀၂၅

မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် အစည်းအတွေကို အမေရိကန် သမ္မတ တက်ရောက်ခဲ့ပြီးနောက် ဒီကနေ့ မနက်မှာတော့ မလေးရှား ကနေ ဂျပန်နိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံခရီးစဥ် မှာတော့ ဂျပန် ဝန်ကြီးအသစ် ဖြစ်တဲ့ ဆာနာအေ တာကာအီချီ နဲ့ တွေ့ဆုံ ဆွေးနွေးပြီး နှစ်နိုင်ငံ မဟာမိတ် ဆက်ဆံရေး အပါအဝင် ကာကွယ်ရေး ကိစ္စရပ်တွေ အတွက် အားဖြည့်ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျပန် ဧကရာဇ် နာရူဟီတို နဲ့ သမ္မတ ထရမ့် တွေ့ဆုံမှာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၉ နဲ့ ၃၀ မှာတော့ တောင်ကိုရီးယား ရောက်ရှိပြီး သမ္မတ လီဂျေမြောင် နဲ့ တွေ့ဆုံ ဆွေးနွေးမှာပါ။

အောက်တိုဘာ ၃၀ ရက်နေ့မှာတော့ တရုတ်သမ္မတ ရှီကျင်ပင်း နဲ့ တောင်ကိုရီးမှာ တွေ့ဆုံမှာ ဖြစ်ပြီး

အောက်တိုဘာ ၃၁ APEC အစည်းအဝေး မတိုင်ခင် သမ္မတ ထရမ့်ဟာ အမေရိကန်ကို ပြန်လည် ထွက်ခွာမှာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *