သီပေါကို ဦးတည် ထိုးစစ်ဆင်နေတဲ့ စစ်တပ်စစ်ကြောင်းဟာ ဘော်ကြိုကို ကျော်ပြီး မန်ဟဲကျေးရွာ အုပ်စု၊ နားခဲရွာ အထိ ရောက်ရှိ လာပြီ ဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။
“စစ်တပ် စစ်ကြောင်းတွေ ဘော်ကြိုရောက်ပြီ။ ဘော်ကြိုက လူတွေ တောင်မှ မုန့်တွေနဲ့ သွားကြိုသေးတယ်။ ဒီည ဘော်ကြို အကျော် နားခဲမှာ နားမယ်လို့ သိရတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စစ်တပ် စစ်ကြောင်းတွေ သေချာပေါက် သီပေါကို ဒီနေ့ ဝင်မယ်လို့ ယူဆရ ကြောင်း သူက ပြောပါတယ်။
“စစ်တပ်က ဘော်ကြိုမှာ ရောက်နေပြီလေ။ မနေ့ကတည်းကတောင် သူတို့ ရောက်နေ့တာ ထင်တယ်။ စစ်တပ်က လူကြီးပဲ မနေ့ည သူတို့ စကားပြော နေတာ ကြားလိုက်တယ်။ အဲဒါကြောင့် သိရတာ” လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
သီပေါမြို့ပေါ်မှာလည်း TNLA တပ်ဖွဲ့တွေ ရှိတာ မတွေ့ရသလို ကျောက်မဲမြို့ ထဲ စစ်တပ် တပ်ဖွဲ့တွေ မဝင်ခင်ကတည်းက ပစ္စည်းတွေ အကုန်သယ်ယူသွားပြီး မြို့ကို အခွံပဲ ချန်ထားခဲ့ကာ ဟန်ပြ ပစ်ခတ်နေတဲ့ ပုံစံလို့ပဲ မြင်တယ်လို့ သူက ပြောပါတယ်။
TNLA တပ်ဖွဲ့တွေ ကျင်သီ တံတားကို ဖောက်ခွဲ ဖျက်ဆီးသွားကြောင်း ပျံ့နေတဲ့ ပုံနဲ့ စာတွေက အဲဒီနေရာမှာ TNLA တပ်ဖွဲ့တွေ မရှိတော့ တာကြောင့် ၈၀ ရာခိုင်နှုန်း မသေချာပဲ လုပ်ကြံ ဖန်တီးထားတယ်လို့ ရှုမြင်ကြောင်း သူက ပြောပါတယ်။
တပ်ထောက်ခံ အင်အားစုတွေ ကတော့ ဒီနေ့ အောက်တိုဘာလ ၁၃ ရက်နေ့ ညနေပိုင်း ကျင်သီတံတား ကနေ ဘော်ကြိုဘုရား ပတ်ဝန်းကျင် အထိ ထိန်းချုပ်ထားလိုက်နိုင်ပြီဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသား ထားပါတယ်။
Photo Crd# Google
Crd – VOM