ပြည်တွင်း

ဟာသသရုပ်ဆောင် လူရွှင်တော် ပန်းသီး ကွယ်လွန်

မေ ၂၉ – ၂၀၂၆

ဟာသသရုပ်ဆောင် လူရွှင်တော် ပန်းသီးဟာ ဒီကနေ့ မေ ၂၉ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်က ဂရန်းဟံသာ ဆေးရုံမှာ ကွယ်လွန် သွားကြောင်း သိရပါတယ်။

နာမည်ကျော် လူရွှင်တော် သီးလေးသီး အဖွဲ့ ထဲက ပန်းသီး (ခေါ်) ဦးမျိုးဇော်ဟာ ၁၉၇၇ ခုနှစ်၊ မတ် ၃ ရက်နေ့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၄၉) နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

လူရွှင်တော် ပန်းသီး ကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ ဟာသသရုပ်ဆောင် လူရွှင်တော် ကောင်းကျော်က “ရုပ်ရှင်နဲ့ ဗီဒီယို ဟာသ သရုပ်ဆောင် လူရွင်တော် ပန်းသီး (သီးလေးသီး) ယနေ့ နေ့လယ် ၁ နာရီမှာ ကွယ်လွန်သွားကြောင်း ကြားသိရပါ၍ မိသားစုနဲ့ထပ်တူ အထူးဝမ်းနည်း ကြေကွဲရပါသည်။ စိတ်မကောင်းခြင်းများစွာ ဖြစ်ရတယ် ညီလေးရာ။ ကောင်းရာဘုံဘဝကိုရောက်ပါစေ ညီလေးရေ” လို့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

လူရွှင်တော်/သရုပ်ဆောင် ငှက်ပျောကြော်ကလည်း ၎င်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ပန်းသီး ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း ရေးသား မျှဝေထားပါတယ်။

“လူရွှင်တော် ပန်းသီး (မျိုးဇော်) ကောင်းရာသုဂတိလားပါစေကွာ။ စိတ်မကောင်းခြင်းများစွာ ဖြစ်ရပါတယ်” လို့ ငှက်ပျောကြော်က ရေးသားထားပါတယ်။

လူရွှင်တော် ပန်းသီးရဲ့ ဈာပနကို မေ ၃၁ ရက်၊ နေ့လယ်ပိုင်းမှာ ရေဝေး သုသာန်မှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

crd – VOM

photo: CJ

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *