War နိုင်ငံတကာ နိုင်ငံရေး

ဟားမတ်စ်က ဓားစာခံပြန်လွှတ်ပေးမယ့် အပေါ် နေတန်ယာဟု တုန့်ပြန်၊ ထရမ့်နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြု

အောက်တိုဘာ ၄ – ၂၀၂၅

ဟားမတ်စ်တို့က ထရမ့် ငြိမ်းချမ်းရေး အစီအစဥ်မှာ ပါတဲ့ ဓားစာခံ လွှတ်ပေးရေး ကို သဘောတူ လိုက်ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် ရုံးကနေ ထရမ့် အစီအစဥ်နဲ့ ပတ်သက်ပြီး အစ္စရေး အနေနဲ့ ပူးပေါင်း ဆောင်ရွက်မယ်လို့ စာနှစ်ကြောင်းပါ ကြေညာချက်ကို ထုတ်ပြန် လိုက် ပါတယ်။

“ဟားမတ်စ်ရဲ့ တုံ့ပြန်မှုကြောင့် အစ္စရေးဟာ ဓားစာခံအားလုံးကို ချက်ချင်း ပြန်လွှတ်ပေးရေး အတွက် ထရမ့်ရဲ့ အစီအစဉ် ပထမအဆင့်ကို ချက်ချင်း အကောင် အထည်ဖော်ဖို့ ပြင်ဆင်နေတယ်” လို့ နေတန်ယာဟုက ပြောကြား ကြောင်း ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

“သမ္မတ ထရမ့်ရဲ့ ရည်မှန်းချက်နဲ့လည်း ကိုက်ညီ၊ အစ္စရေးက ချမှတ်ထား တဲ့ မူတွေနဲ့ စစ်ပွဲကို အဆုံးသတ် နိုင်ရေး သမ္မတနဲ့ သမ္မတရဲ့ အဖွဲ့နဲ့ အတူ အပြည့် အဝ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်” လို့လည်း ဖေါ်ပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *