နွေဦးတော်လှန်ရေး အကျိုးစီးပွားကို ရှေ့ရှုပြီး၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးဖို့နဲ့ လူသားချင်း စာနာမှု အရ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးက ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/အကျဉ်းသူ ၁၁၀ ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း NUG ယာယီသမ္မတ ဒူးဝါလရှီးလ က ဒီကနေ့ နှစ်သစ်ကူး နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လွတ်တဲ့ အထဲမပါတဲ့ တခြား အကျဥ်းသားတွေကိုတော့ ထောင်ဒဏ် ၃ ပုံ ၁ ပုံ ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုကြောင်း ဖေါ်ပြထားပါတယ်။
—————————
THN Public Media

