နိုင်ငံရေး ပြည်တွင်း

အချိုးကျကိုယ်စားပြုစနစ် အသုံးပြုလို့ အရင်ရွေးကောက်ပွဲတွေထက် ပါတီအရေအတွက် ပိုမို ကိုယ်စားပြုခွင့်ရကြောင်း UEC ပြော

ဖေဖေါ်ဝါရီ ၁၄ – ၂၀၂၆

စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပြီး ရွေးကောက်ပွဲကော်မရှင် UEC က မနေ့ မနက်က နိုင်ငံရေးပါတီတွေကို နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ ပါတယ်။

တွေ့ဆုံပွဲမှာ UEC ဥက္ကဌ ဦးသန်းစိုးက အခု ရွေးကောက်ပွဲမှာ ရောနှောထားတဲ့ ကိုယ်စားလှယ် အချိုးကျစနစ် (MMP) ကျင့်သုံးခဲ့တဲ့အတွက် ဟိုးအရင် ရွေးကောက်ပွဲ တွေထက် အခုရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ အရေအတွက် ပိုပြီး ကိုယ်စားပြုခွင့် ရခဲ့တယ်လို့ ပြောကြားသွားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက ၃၂ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရာ ၂၂ ပါတီကသာ ကိုယ်စားလှယ်လောင်း အရွေးခံရကြောင်း ၂၀၁၅ ရွေးကောက်ပွဲမှာ ၉၁ ပါတီ ယှဥ်ပြိုင်ပေမယ့် ၂၂ ပါတီပဲ ကိုယ်စားပြုခွင့် ရခဲ့တာလို့ ဆိုပါတယ်။

အခု ရွေးကောက်ပွဲမှာ ၅၇ ပါတီ ဝင်ရောက်ယှဥ်ပြိုင်ရာ ၃၁ ပါတီ နဲ့ တသီးပုဂ္ဂလ ၁ ဦး ကိုယ်စားပြုခွင့်ရခဲ့ကာ အရင်ထက်ပိုပြီး ပါတီအရေ အတွက် ကိုယ်စားပြုခွင့်ရခဲ့တယ်လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲကို တော်လှန်ရေး အင်အားစုတွေက အတုအယောင် ရွေးကောက်ပွဲ အဖြစ် ဆန့်ကျင် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပြီး စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီကသာ အမတ်နေရာ အများဆုံး ရရှိသွားတာ ဖြစ်ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *