အင်ဒိုနီးရှားနိုင်ငံမှာ တစ်ပတ်ခန့်ကြာ မုန်တိုင်း မိုးကြောင့် ဆူမားတြား ကျွန်းမှာ သေဆုံးသူ ၄၄၀ ကျော်အထိ တိုးလာခဲ့ပြီး ရာနဲချီ ပျောက်ဆုံး နေသူတွေကို ကယ်ဆယ်ရေးသမားတွေက ဆက်လက် ရှာဖွေနေပါတယ်။
ပျောက်ဆုံးနေသူ လူ ၄၀၀ လောက်ရှိပြီး မြေပြိုတဲ့ အောက်တွေမှာ နစ်မြုပ် နေနိုင်တယ်လို့ ယူဆရပါတယ်။
ဆန်ညာ (Senyar) အမည်ရှိ အလွန် ဖြစ်ခဲတဲ့ အပူပိုင်း မုန်တိုင်း ကြောင့် အင်ဒိုနီးရှားမှာ ကြောက်မက်ဖွယ် မြေပြိုမှုတွေနဲ့ ရေကြီးမှုတွေကို ဖြစ်စေခဲ့ပြီး အိမ်တွေ ရေထဲမျောပါသွားကာ ထောင်နဲ့ ချီတဲ့ အဆောက် အဦးတွေ ရေအောက်ရောက်သွားခဲ့ပါတယ်။
အစိုးရရဲ့ ပြောကြားချက်အရ ရေကြီးဒဏ်ခံရတဲ့ နေရာတွေကို လေကြောင်း ရေကြောင်း ကနေ တဆင့် အကူအညီတွေ ပေးပို့ခဲ့ ပေမယ့်လည်း တချို့ရွာတွေကို အကူအညီမရောက် သေးတာကြောင့် လူတွေဟာ အသက်ရှင်ရပ်တည်နိုင်ဖို့ အစားအစာ နဲ့ ရေ ကို ခိုးယူမှုတွေ ရှိနေကြောင်း သိရပါတယ်။
ဆူမားတြားက ဆိုင်တွေကို ဖောက်ထွင်းဝင်ရောက်မှုတွေ ရှိနေကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Ferry Walintukan က ပြောကြားခဲ့ပြီး အမိန့် ပြန် တည်ဆောက်ဖို့ ရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့ကြောင်း သတင်းဖေါ်ပြထားပါ တယ်။
နိုဝင်ဘာလ အတွင်း ဒေသတစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှု နဲ့ မုန်တိုင်း တွေကြောင့် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ သီရိလင်္ကာနိုင်ငံ နေရာ အစိတ် အပိုင်း တချို့မှာ လူပေါင်း သန်းနဲ့ချီ မိုးဒဏ် ရေဒဏ်ကို ခံခဲ့ကြရပြီး လူပေါင်း ၉၀၀ ကျော် သေဆုံးခဲ့ရပါတယ်။
မြောက်ဆူမားတြား အနောက်ဆူမားတြားနဲ့ အာချေး ဒေသတွေမှာ လူအများ ပျောက်ဆုံးနေကြောင်း အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှု အေဂျင်စီက ပြောကြားပါတယ်။
နိုင်ငံခြား အကူအညီတချို့ ရောက်ရှိလာခဲ့ပြီး အဆိုးဆုံး ထိခိုက်ခဲ့တဲ့ ပြည်နယ် တခု ဖြစ်တဲ့ အာချေးကို မလေးရှားက ဆေးဝါးတွေ ပေးပို့ခဲ့ ကြောင်း သိရပါတယ်။
ref: bbc
photo : getty
—————————
THN Public Media
