မေ ၄ – ၂၀၂၆
စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့ကို စစ်တပ်က ပြန်လည် သိမ်းပိုက်ပြီးနောက် မော်လူးမြို့ ကို ဆက်လက် ထိုးစစ်ဆင် နေရာ မနေ့က သတင်းတွေ အရ မြို့ရဲ့ ၇ မိုင် အကွာ လောက်အထိ ရောက်ရှိနေပြီ လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မေ ၂ ရက်၊ မနက်ပိုင်းက စပြီး အင်းတော်၊ နဘားလမ်းဆုံဘက် ကနေ မော်လူးမြို့ ဘက်ကို အင်အား အများအပြားနဲ့ ထိုးစစ်ဆင် လာတာဖြစ်ပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပါ ပစ်ခတ် တိုက်ခိုတ် လာတာဖြစ်တယ်လို့ သိရပါတယ်။
“မော်လူးမှာတော့ ဒေသခံတွေ စစ်ရှောင်ကုန်ကြတာ မြို့ထဲမှာ လူမရှိ သလောက် ဖြစ်နေပြီ။ ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးပတ် ကတည်းက စပြီး ရှောင်ကုန်ကြတာပေါ့။ မိုးညှင်းဘက်က စစ်ကြောင်းလည်း မော်လူးထဲ ဝင်မယ်၊ အင်းတော်ဘက်က လာတဲ့ စစ်ကြောင်းလည်း လာမယ်ဆို နှစ်ဘက်ညှပ်ပြီး ပိတ်မိကြမှာကို ဒီက ဒေသခံတွေက စိုးရိမ်ကြတာ” လို့ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
စစ်ရေးအခြေအနေ တင်းမာနေမှုတွေကြောင့် မော်လူးမြို့ခံတွေအပြင် နန်းမကြိုင်း၊ နဘား၊ ကမ်းနီ၊ နန်းရခေါင်၊ ကြံတော၊ နန်းတောင်၊ ကျော်ရွာ အစရှိတဲ့ ကျေးရွာတွေမှ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၁ နောက်ပိုင်း ဘေးလွတ်ရာကို စတင် တိမ်းရှောင်နေကြရတာ ဖြစ်တယ်လို့ သိရပါတယ်။
မော်လူးမြို့ကို PDF တွေက ၂၀၂၃ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သိမ်းပိုက်ပြီး ထိန်းချုပ် ထားခဲ့တာ ဖြစ်ပါတယ်။
Crd – VOM
—————————
THN Public Media
