ဗုံးလည်းကြဲတယ် ဖိတ်လည်းဖိတ်ခေါ်တယ်ဆိုတာ ဘာမှ အဓိပ္ပါယ် မရှိဘူး…’’
‘’ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေးကို အမြဲတမ်း ကလန်ကဆန် လုပ်နေလို့မရဘူး…’’
‘’သူ့ဆီမှာ ငြိမ်းချမ်းရေး ဆန္ဒရှိနေလားဆိုတာ မေးခွန်းရှိနေတယ်…’’
ဒေါက်တာစိုင်းကြည်ဇင်စိုး (နိုင်ငံရေးသုံးသပ်သူ)
စစ်တပ်ရွေးကောက်ပွဲကနေ ဖြစ်လာတဲ့ အစိုးရသစ်ရဲ့ သမ္မတသစ်က ပထမ ရက် ၁၀၀ အစီအစဥ်ကနေ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တိုင်းရင်းသား အဖွဲ့တွေကို ဖိတ်ခေါ်လိုက်ပါတယ်။
PDF တွေကိုလည်း ပြန်လာကြဖို့ ဖိတ်ခေါ်ပေမယ့် NUG CRPH ကိုတော့ ထည့်သွင်းထားခြင်းမရှိပါ။
ဒါပေမယ့်လည်း တော်လှန်ရေး အင်အားစုတွေကတော့ တသံတည်း မဆွေးနွေးဘူးလို့ တုန့်ပြန်ထားသလို စစ်တပ်နိုင်ငံရေးက ထွက်ခွာရေး မူကိုသာ ဆက်လက် ကိုင်စွဲထားပါတယ်။
NUG အပါအဝင် အားလုံးပါရင် ဆွေးနွေးမယ်လို့ ပြောဆိုမှုတွေ ရှိသလို တချို့ တိုင်းရင်းသား အဖွဲ့တွေ ကတော့ အစိုးရသစ် နဲ့ သမ္မတသစ်ကို ကြိုဆိုတဲ့ သဝဏ်လွှာ ပေးပို့ထားမှုတွေ လည်း ရှိနေပါတယ်။
ဒီတော့ အခု ဖိတ်ခေါ်တဲ့ ဆွေးနွေးရေး လမ်းကြောင်း တကယ်ဖြစ်ပေါ် လာနိုင်လား…
ဒါဟာ သမ္မတသစ်ရဲ့ အိပ်မက်ထဲမှာ ပုံဖေါ်ထားတဲ့ သူဖြစ်စေချင်တဲ့ ဆွေးနွေးပွဲလား ငြိမ်းချမ်းရေး အတွက် တကယ် အစစ် အမှန်လား… ဆိုတာ
နိုင်ငံရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး ကို မေးမြန်းတင်ဆက်ထား ပါတယ်။
THN Public Media
