THN Public Media Blog Sport အနိုင်ပိုင်းလိုက်တဲ့ MMAဖိုက်တာ အောင်လအန်ဆန်
Sport

အနိုင်ပိုင်းလိုက်တဲ့ MMAဖိုက်တာ အောင်လအန်ဆန်

အောက်တိုဘာ ၄ – ၂၀၂၅

MMAဖိုက်တာ အောင်လအန်ဆန် ဟာ ကစားသမားဘဝရဲ့ နောက်ဆုံး ထိုးသတ်ပွဲမှာ ဆွီဒင်ဖိုက်တာ ဇဘက်ဇရှန်ကာဒက်စတမ် ကို အနိုင်ယူပြီး သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်ခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ကချင်တိုင်းရင်းသား အောင်လအန်ဆန်ဟာ နောက်ဆုံး ပွဲစဥ်မှာ အောင်ပွဲနဲ့အတူ အနိုင်ပိုင်းလိုက်နိုင်တာလည်း ဖြစ်ပါတယ်။
ဒီနောက်ဆုံးပွဲစဥ်မှာ အဆိုတော် လေးဖြူက “အမဲလိုက်အက” သီချင်း နဲ့ သီဆိုပြီး ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ ပြိုင်ဘက်ကို ဒုတိယ အချီမှာ တဘက်သက် ဖိထိုး နိုင်နေတဲ့ အချိန်မှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
One Championship က အောင်လအန်ဆန်ကို ဒေါ်လာ ၅ သောင်းကို အပိုဆုကြေး အဖြစ် ပေးအပ်ခဲ့ပါတယ်။

ဒီဆုငွေကို နောက်မျိုးဆက်တွေ အတွက် အသုံးချမယ်လို့ လည်း အောင်လအန်ဆန် က အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ONE Championship ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး စွမ်းဆောင်ရည် ပြနိုင်တဲ့ ကစားသမား တွေကို ဂုဏ်ပြုမှတ်တမ်းတင်တဲ့ “One Hall of Fame” စာရင်းမှာ အောင်လန်အန်ဆန် ကို ထည့်သွင်း ဂုဏ်ပြုခဲ့ပြီလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version