‘’ပြည်သူက တကယ့်ကို ကျွန်တော့်ကို မလိုချင်တော့ဘူးဆိုရင်… ကျွန်တော်တို့က ဖျက်သိမ်းပေးလိုက်မှာ…’’
ဗိုလ်နဂါး ( BNRA ဥက္ကဌ)
ပြီးခဲ့တဲ့လက စစ်ကိုင်းတိုင်း ပုလဲနယ်က ရွာသားတွေက ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
‘’ကိုဇော်ထက်ကို ပစ်ခတ်မှု ဖြေရှင်းပေးဖို့
‘’အန်ယူဂျီကို ဖြိုခွဲမည့် အကြံ ဒို့လက်မခံ
‘’တော်လှန်ရေး အဖျက်အမှောက်လုပ်တဲ့ BNRA အလိုမရှိ’’ ဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ဆန္ဒပြခံ ရတဲ့ အပေါ်
ဘယ်လို သဘောထားရှိတယ်
ဘာကြောင့် ဖြစ်ရတယ်
ဘာတွေဆောင်ရွက်ဖို့ ရှိလဲ ဆိုတာ ဗိုလ်နဂါးကိုး မေးမြန်း ထားပါတယ်။
THN Public Media
