မတ်လ ၁ – ၂၀၂၆
အီရန်အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးပြီးနောက် အီရန်နှင့် အစ္စရေးတို့ အကြား ဒီကနေ့ Day 2 မှာ တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွားနေပါတယ်။
ခါမေနီဟာ စနေနေ့မနက်ပိုင်းက အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှု အတွင်း သူ့ရဲ့ရုံးခန်းမှာတင် သေဆုံးသွားခဲ့တာပါ။
အီရန်က အာရပ်ပင်လယ်ကွေ့နိုင်ငံတွေ အပေါ် လေကြောင်းတို က်ခိုက်မှုတွေ ပြန်လည် စတင်လိုက် သလို၊ အစ္စရေးကလည်း တီဟီရန်မြို့လယ်ခေါင်က ပစ်မှတ်တွေကို တိုက်ခိုက်နေတယ်လို့ ဆိုပါ တယ်။
ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၊ ကာတာနိုင်ငံမြို့တော် ဒိုဟာ၊ ဘာရိန်းနဲ့ ကူဝိတ်နိုင်ငံ တွေမှာလည်း တိုက်ခိုက် မှုတွေရှိကြောင်း သတင်းရရှိထားပြီး ဒါဟာ အရှေ့အလယ်ပိုင်းတခွင် ပျံ့နှံ့သွားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပါတယ်။
—————————
THN Public Media
