ဧပြီ ၈ – ၂၀၂၆
တိုက်ခိုက်မှုတွေ ရပ်တန့်ရင် အီရန် အနေနဲ့ အပစ်အခတ်ရပ်စဲ့ဖို့နဲ့ ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်ပေးဖို့ တရားဝင် သဘောတူညီမယ်လို့ ပြောကြားလိုက်ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က “အီရန်အပေါ် တိုက်ခိုက်မှု များ ရပ်တန့်မည်ဆိုပါက” အပစ်အခတ် ရပ်စဲရေးကို အီရန် ဘက်က သဘောတူညီမှာ ဖြစ်ကြောင်း ကြေညာခဲ့တာပါ။
နှစ်ပတ်တာ ကာလအတွင်း ဟော်မုဇ်ရေလက်ကြား ကို ဘေးကင်းစွာ ဖြတ်သန်း သွားလာနိုင်မယ်လို့လည်း သူက ပြောပါတယ်။
ဒီလို လုပ်ဆောင်ဖို့အတွက် အီရန် လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်မှာ ဖြစ်ကာ နည်းပညာ ဆိုင်ရာ ကန့်သတ်ချက်တွေကိုလည်း ထည့်သွင်း စဉ်းစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မစ္စတာ Araghchi က ပြောပါတယ်။
—————————
THN Public Media
