နိုင်ငံတကာ

အမေရိကန် မင်နီဆိုတာ ပြည်နယ်မှာ ICE တပ်ဖွဲ့က ပစ်လို့ အမျိုးသမီး တဦးသေဆုံး

MINNEAPOLIS, MINNESOTA – JANUARY 07: Members of law enforcement photograph a vehicle suspected to be involved in a shooting by an ICE agent during federal law enforcement operations on January 07, 2026 in Minneapolis, Minnesota. According to federal officials, the agent, ?fearing for his life? killed a woman during a confrontation in south Minneapolis. (Photo by Stephen Maturen/Getty Images

ဇန်နဝါရီ ၇ – ၂၀၂၆

အမေရိကန် မင်နီဆိုတာ ပြည်နယ် မင်နီယာပိုလစ် မြို့မှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေး ICE အရာရှိ တဦးက အမျိုးသမီးတဦး သေနတ်နဲ့ ပစ်လို့ အမျိုးသမီး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေ က ပြောပါ တယ်။

အဲဒီပစ်ခတ်မှုဟာ အကြမ်းဖက်ဆူပူသူ တဦးက လူဝင်မှု ကြီးကြပ်ရေး အရာရှိကို ကားနဲ့တိုက်ဖို့ ကြိုးစားခဲ့တာကြောင့် ဖြစ်ပွားခဲ့တာလို့ ပြည်တွင်း လုံခြုံရေးဌာန (DHS) အကြီးအကဲ Kristi Noem က ရှင်းလင်း ပြောကြား ပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယို ကလစ်မှာတော့ လမ်းပေါ်မှာ ကားတစီးကို ICE အရာရှိ တွေက တားဆီးပြီး ကားမောင်းတဲ့လူကို အပြင်ထွက်ခိုင်းရာကနေ ကားမောင်းထွက်လို့ ပစ်ခတ်လိုက်တာ တွေ့ရပါတယ်။

အဲဒီ အရာရှိဟာ သူ့ကိုယ်သူ ကာကွယ်တဲ့ အနေနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ် လို့ သူမက ပြောပါတယ်။

မင်နီယာပိုလစ် မြို့တော်ဝန် Mayor Jacob Frey ကတော့ ဖက်ဒရယ် အရာရှိ တွေရဲ့ ပြောကြားချက်ကို ငြင်းဆိုလိုက်ပြီး ICE အေးဂျင့် တွေကို မြို့ထဲ ကနေ ထွက်သွားဖို့ တောင်းဆိုလိုက်ပါတယ်။

သေနတ်နဲ့ အပစ်ခံရသူဟာ အသက် ၃၇ နှစ်အရွယ် အမေရိကန်နိုင်ငံသား old Renee Nicole Good ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

ဒီဖြစ်စဉ်ဟာ မင်နီယာပိုလစ်နဲ့ အနီးနားက စိန့်ပေါလ်မြို့မှာ ICE အေးဂျင့် ပေါင်း ၂၀၀၀ ကျော် အသုံးပြုပြီး လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဖမ်းဆီး စစ်ဆေးမှုတွေ အကြီးအကျယ် လုပ်နေတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲမှာတော့ Kristi Noem က ဒီအမျိုးသမီး သေဆုံးမှုဟာ “တားဆီးလို့ရနိုင်တဲ့ကိစ္စ” ဖြစ်ပြီး ICE ရဲ့ စစ်ဆင်ရေးတွေကိုတော့ ဆက်လုပ် သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *