ဧပြီ ၁၁ – ၂၀၂၆
အမေရိကန်နဲ့ အီရန် တာဝန်ရှိသူတွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မစတင်ခင်မှာပဲ ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif နဲ့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။
အီရန်နိုင်ငံပိုင် ရုပ်သံကတော့ တဟီရန်ဘက်က တောင်းဆိုထားတဲ့ အချက်တွေကို မလိုက်လျောရင် ဆွေးနွေးပွဲတွေ ပျက်သွားနိုင်တယ်လို့ သတိပေးနေပါတယ်။
အီရန် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Mohammad Bagher Ghalibaf ကတော့ သူတို့ဘက်က စေတနာအမှန်နဲ့ လာတာဖြစ်ပေမဲ့ အမေရိကန် ကိုတော့ မယုံကြည်ဘူး လို့ ပြောထားပါတယ်။
အမေရိကန် ဒုသမ္မတ ဂျေဒီဗန့်စ် ကလည်း အီရန်ဘက်ကသာ သူတို့ကို ကစားဖို့ ကြိုးစားရင် အမေရိကန်ဘက်က လက်ခံမှာ မဟုတ်ဘူးလို့ အရင် ကတည်းက သတိပေးထားဖူးပါတယ်။
တချိန်တည်းမှာပဲ လဘနွန် တာဝန်ရှိသူတွေ ကတော့ လာမယ့် အင်္ဂါနေ့မှာ အစ္စရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ဝါရှင်တန်မှာ တွေ့ဆုံမယ်လို့ ပြောနေ ပါတယ်။
—————————
THN Public Media
