နိုင်ငံတကာ

အမေရိကန်-အီရန် ဆွေးနွေးပွဲတွေကို ဆွစ်ဇာလန်မှာ စတော့မယ်၊ အီရန်ကတော့ ဟော်မုဇ်ကို ပြန်ပိတ်ပြီ

ဇွန် ၂၁ – ၂၀၂၆

လက်ဘနွန်တောင်ပိုင်း အပေါ် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ဟော်မုဇ်ရေလက်ကြားကို နောက်တကြိမ် ပြန်ပိတ်လိုက်ပြီလို့ အီရန်စစ်တပ်က ပြောဆိုနေပေမဲ့လည်း အမေရိကန်နဲ့ အီရန်တို့ကြား တိုက်ရိုက် ဆွေးနွေးပွဲတွေကို ဆွတ်ဇာလန်နိုင်ငံမှာ စတင်တော့မှာ ဖြစ်ပါတယ်။

အီရန်ဘက်ကတော့ စစ်ပွဲအဆုံးသတ်ဖို့ အမေရိကန်နဲ့ ချုပ်ဆိုထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်မှု ရှိခဲ့တာကြောင့် အခုလို ရေလက်ကြားကို ပိတ်ရတာလို့လည်း အကြောင်းပြထားပါတယ်။

ဒါပေမဲ့ အမေရိကန်စစ်တပ်ဘက်ကတော့ အဲဒီရေလက်ကြားမှာ “သင်္ဘောတွေ ပုံမှန်အတိုင်း ဆက်လက်ဖြတ်သန်းသွားလာနေဆဲပဲ” လို့ ပြောပါတယ်။

အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ် ဟာ တနင်္ဂနွေနေ့ မနက် စောစောပိုင်း ကပဲ ဆွစ်ဇာလန်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဆွေးနွေးပွဲ အသစ်တွေ ကိုတော့ ဒီနေ့နှောင်းပိုင်းမှာ စတင်ဖို့ မျှော်လင့်ရပါတယ်။

အီရန် လွှတ်တော်ဥက္ကဋ္ဌ Mohammad Bagher Ghalibaf နဲ့ နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi တို့ ပါဝင်တဲ့ အီရန် ကိုယ်စားလှယ် အဖွဲ့ကတော့ စနေနှောင်းပိုင်း ကတည်းက ရောက်ရှိနေခဲ့တာပါ။

အမေရိကန်နဲ့ အီရန်တို့ဟာ ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif ၊ ပါကစ္စတန် ဖီးလ်မာရှယ် Asim Munir တို့နဲ့ အတူ ပူးပေါင်း ဆွေးနွေး သွားကြမှာ ဖြစ်ပါတယ်။

ဂျေဒီဗန့်စ် ကတော့ “နျူကလီးယားအရေးကိစ္စ” နဲ့ “လက်ဘနွန် အပစ်အခတ် ရပ်စဲရေးကိစ္စ” တွေမှာ တိုးတက်မှုတွေ ရရှိဖို့ မျှော်လင့် တယ်လို့ ပြောပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Esmail Baghaei ကလည်း သူ့နိုင်ငံ အနေနဲ့ “တဘက်နိုင်ငံက ကတိကဝတ် တွေကို လိုက်နာဖို့ တောင်းဆိုသွားမယ်” လို့ ပြောပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်း ကတော့ အမေရိကန်နဲ့ အီရန်သမ္မတ တို့ဟာ လက်ဘနွန် အပါအဝင် စစ်ပွဲကို ချက်ချင်းရပ်တန့်ဖို့ ရည်ရွယ်တဲ့ ကနဦး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး လာမယ့် ရက်ပေါင်း ၆၀ အတွင်း အပြီးသတ် သဘောတူညီချက် ရရှိဖို့ အတွက် နောက်ထပ် ဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့ ကတိပြုထားတာ ဖြစ်ပါတယ်။

ကိစ္စရပ်တွေကို ပိုပြီးရှုပ်ထွေးစေတာ ကတော့ လက်ဘနွန်မြို့တော် ဘေရွတ်ရဲ့ တောင်ဘက်ဆင်ခြေဖုံး ရပ်ကွက်တွေမှာ အခြေစိုက်တဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးတို့ကြား ဆက်လက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေပဲ ဖြစ်ပါတယ်။

စနေနေ့တုန်း ကလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်မှာ အနည်းဆုံး လူ ၄၇ ဦး သေဆုံး ခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ကတော့ ဟစ်ဇ်ဘိုလာနဲ့ ဆက်စပ် နေတဲ့ ပစ်မှတ် ၈၀ ကို တိုက်ခိုက်ခဲ့ပြီး အဖွဲ့ဝင် “ဒါဇင်ပေါင်းများစွာ” ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ပြောထားသလို သူတို့ဘက်ကလည်း စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်နဲ့ အီရန်ကြား သဘောတူညီချက်ကို ကြေညာခဲ့ပြီးကတည်းက အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ အပြန်အလှန် ပစ်ခတ်မှုတွေ ဆက်လုပ်ခဲ့ကြ ပေမဲ့ သောကြာနေ့မွန်းလွဲပိုင်းမှာတော့ သူတို့နှစ်ဦးကြား ချက်ချင်း အပစ်ရပ်စဲ ဖို့ အတည်ပြုခဲ့ကြပေမယ့် ထပ်မံတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ တာပါ။

—————————

THN Public Media

Leave a Reply

Your email address will not be published. Required fields are marked *